ဇွန် ၂၊ ၂၀၁၄
M-Media
– လာမည့်နှစ်တွင် မိမိမှာ ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး ရီးယဲလ်နှင့်အတူ ချန်ပီယံလိဂ်ဖလားကို ကာကွယ်ချင်သည်ဟု ဝေးလ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ပြောကြားလိုက်သည်။
ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ဖြင့် စပါးအသင်းမှ ရီးယဲလ်သို့ ပြီးခဲ့သည့် နွေရာသီတွင် ပြောင်းရွှေ့ခဲ့သည့် ဘေးလ်မှာ အစပိုင်းတွင် ဒဏ်ရာများဖြင့် ရုန်းကန်ခဲ့ရသော်လည်း နောက်ပိုင်းတွင် အသင်းတွင် ပုံမှန်ပါဝင် ခြေစွမ်းပြနိုင်ခဲ့ကာ စပိန်ဘုရင့်ဖလားနှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲများတွင် အရေးပါသော အနိုင်ဂိုးများကို သွင်းယူပေးနိုင်ခဲ့သည်။
“ရီးယဲလ်မက်ဒရစ်မှာ ကျွန်တော်ပျော်ပါတယ်။ နောက်နှစ်မှာ ပိုကောင်းလာမယ်လို့ ကျွန်တော် သေချာပြောရဲပါတယ်။ ပြီးတော့ ချန်ပီယံလိဂ်ဖလားကို ကာကွယ်နိုင်တဲ့ ပထမဆုံးအသင်း ဖြစ်ချင်ပါတယ်” ဟု အင်ဒိုနီးရှားသို့ ရောက်ရှိနေသည့်ဘေးလ်ကဆိုသည်။
ဘေးလ်မှာ ရီးယဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ပွဲပေါင်း ၄၄ ပွဲကစားပေးခဲ့ပြီး ၂၂ ဂိုးသွင်းယူနိုင်ခဲ့ကာ ၁၆ ကြိမ် ဖန်တီးပေးနိုင်ခဲ့သည်။
Ref : Goal


Leave a Reply
You must be logged in to post a comment.