News @ M-Media

မြန်မာဖက်ကပြောသလို RSO သာဖြစ်ခဲ့ရင် သူ့ကို ဒီလို ခမ်းခမ်းနားနား သင်္ဂြိုလ်ပါ့မလား (သူ့အမြင်)

ဇွန် ၂ ၊ ၂၀၁၄
M-Media
ရေးသူ- ရောဘတ်အယ်လ်ဟို့စ်
10360197_237034189828854_4449638057334376786_n
ဘင်္ဂလား-မြန်မာ နယ်စပ်တွင် မြန်မာတပ်ဖွဲ့များဖက်မှ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရင်း ၃၁ မှ တပ်ဖွဲ့ဝင် မီရ်ဇာနူရ် ရဟ်မန်း ၏ ရုပ်အလောင်းအား ဘင်္ဂလား တပ်ဖွဲ့များက ရဟတ်ယာဉ်ဖြင့် ပြန်လည်သယ်ဆောင်သွားပြီး ကိုမီလာ မြို့သို့ သယ် ဆောင်သွားစဉ်။

၎င်း၏ ဈာပန ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဘင်ဒရာဘန် ခရိုင်၊ နစ်ခါချာရီ မြို့ရှိ ၊ နယ်ခြားစောင့်တပ် ရင်း ၃၁ ၏ ဌာနချူပ်တွင် မေလ ၂ ရက်နေ့(တနင်္လာနေ့ နံနက်) က ကျင်းပပြီးစီးခဲ့ပြီ ဟု ဘင်္ဂ လားဒေ့ရှ် နိုင်ငံထုတ် The Daily Star သတင်းစာမှာ ဖော်ပြထားပါတယ်။

မြန်မာတာဝန်ရှိသူတွေက အကွက်ဆင်လိမ်ညာသလိုသာ ဒီသေဆုံးသွားသူဟာ ရိုဟင်ဂျာ RSO လက်နက်ကိုင်တစ်ဦးသာ ဖြစ်ခဲ့မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ် ရဲ့ တရားဝင် နယ်ခြားစောင့်တပ်ရင်း အမှတ် ၃၁ က သူတို့ရဲ့ တပ်ရင်းဌာနချူပ်မှာ ဒီလို တခမ်းတနား သဂြိုဟ် ကြပါ့မလား။ သာမန် ဦးဏှောက်လေးပဲ သုံးပြီး စဉ်းစားကြည့်ကြစမ်းပါ။ ဒါကိုနားလည်ဖို့သိပ်ပြီးကြီးကျယ်တဲ့ အသိပ ညာ တွေ ဘာတွေလည်း မလိုလှပါဘူးဗျာ။

ဆိုလိုချင်တာက နယ်စပ်မှာ ဒီလို မထင်မှတ်တဲ့ ထိတွေ့မှု ဖြစ်ပြီး သူ့ဖက်ကိုယ့်ဖက် သေဆုံးမှု တွေ ဆိုတာ ဘယ်ကမ္ဘာ့နိုင်ငံမှာ မဆိုရှိပါတယ်။ ဒါဟာ သိပ်ပြီး ကြီးကျယ်လှတဲ့ ကိစ္စတော့လည်း မဟုတ်ပါ။ ပြဿနာ က ဒါကို ရည်ရွယ်ချက်ရှိရှိ အစိုးရ တာဝန်ရှိသူ အရာရှိကြီးတွေကိုယ်တိုင် က ဘင်္ဂလားနယ်ခြားစောင့် တပ်ဖွဲ့ဝင် ကို တကယ်တမ်းအပြင်မှာ မရှိတဲ့ RSO ရိုဟင်ဂျာ လက် နက်ကိုင်ပါဆိုပြီး လိမ်ညာအကွက်ဆင်တယ်။

တစ်ချိန်တည်းမှာ သူတို့ရဲ့ မိတ်ဖက် အွန်လိုင်းမှာ ဖွနေတဲ့ ဖက်ဆစ်ကောင်တွေရဲ့ ဖေ့စ်ဘွတ်ခ် အကောင့်တွေကနေ RSO တွေ လက်နက်တွေကိုင်ပြီး ၀င်လာနေကြပြီ။ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို အရင်ရှင်းပစ်ကြ ဆိုပြီး ပေါ်ပေါ်ထင်ထင်ကြီး ကို လှုံ့ဆော်ကြတယ်။ ရှင်းပစ်ကြ ဆိုတာက ရှင်းပါတယ်။ ရိုဟင်ဂျာတွေကို သတ်ပစ်ကြ လို့ အချက်ပေးတာပဲ။

တကယ်တမ်းဘာမှ မဖြစ်ခဲ့လို့သာ ပြီးသွားတာ။ ဖြစ်သာဖြစ်ခဲ့ရင် တကယ်တမ်းနစ်နာသွားရမှာ က ဘယ်သူတွေလဲ ဆိုတာ စဉ်းစားကြည့်ကြပါ။ မလုပ်ကြပါနဲ့ဗျာ။ ဒါမျိုးအောက်တန်းကျတဲ့ စိတ် ဓာတ်တွေက တစ်ချိန်မှာ ခင်ဗျားတို့ ဘာတွေဆိုတာကို သမိုင်းမှာ ဖျက်မရအောင် ကျန်ရစ်ခဲ့မယ့် လုပ်ရပ်ဆိုးတွေပါ။ ခင်ဗျားတို့ မရှက်ကြပေမဲ့ ခင်ဗျားတို့ရဲ့ နောက်လာမယ့် သားမြေးတွေ ရှက်ြ ကလိမ့်မယ်ဗျ။ ဒါမျိုးတွေမလုပ်ကြပါနဲ့။

ဓာတ်ပုံ – Anurup Kanti Das ( The Daily Star)

Comments

Leave a Reply