News @ M-Media

UN နှင့် NGO ရုံးများ အကြမ်းဖက်ခံရမှု အရေးမယူသည့် ကိစ္စ UN ပြောပြီး ၂ ရက်အကြာ ရခိုင်ဝန်ကြီးချူပ် နှုတ်ထွက်

ဇွန်လ ၂၀ ရက်၊ ၂၀၁၄
M-Media
သီဟ
Hla Maung Tin
ရခိုင်ပြည်နယ် ဝန်ကြီးချူပ် ဦးလှမောင်တင် ရဲ့ နှုတ်ထွက်လွှာကို သမ္မတ ဦးသိန်းစိန် လက်ခံပြီး နှုတ်ထွက်ခွင့်ပြုကြောင်း အမိန့်ကြေညာချက် တစောင်ကို ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်း စစ်တွေက ကုလသမဂ္ဂနဲ့ NGO ရုံးတွေကို အကြမ်းဖက် တိုက်ခိုက်မှုအပေါ် ထိထိရောက်ရောက် စုံစမ်း အရေးယူနိုင်တာမျိုး မရှိဘူးလို့ ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Kyung-Wha Khan ရဲ့ ဇွန်လ ၁၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲ ပြောကြာချက်အပြီး ၂ ရက်အကြာမှ ယခုလို နှုတ်ထွက်သွားခြင်းဖြစ်ပါတယ်။

ယမန့်နေ့ က မူလ စစ်ဘက်ရာထူးနေရာ ပြန်ပို့ခဲ့တဲ့ နယ်စပ်ဝန်ကြီး ဗိုလ်ချူပ်မောင်မောင်အုံး ဦးဆောင်တဲ့ UN နှင့် NGO အဖွဲ့များ တိုက်ခိုက်ခံရမှု စုံစမ်းရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ပြည်နယ်အစိုးရ အားနည်းချက်များ ရှိကြောင်းကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ဘာသာရေးကို အခြေခံသည့် အကြမ်းဖက်မှုများ စတင်ဖြစ်ပွားရာ ရခိုင်ပြည်နယ် ဝန်ကြီးချူပ် ဦးလှမောင်တင်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အစိုးရ ရဲ့ ကိုင်တွယ်မှု ညံ့ဖျင်းမှုတွေကို ပြည်တွင်းပြည်ပ မှ ဝေဖန်မှုတွေ ထွက်ပေါ်နေတာ အချိန်အတော်ကြာနေပြီး ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လဆန်းမှ စတင်ဖြစ်ပွားခဲ့တဲ့ ဘာသာရေးကို အခြေခံတဲ့ အကြမ်းဖက်မှုတွေ ရခိုင်ပြည်နယ် တဝှမ်း ဖြစ်ပွားခဲ့ပြီး အဆိုပါ ဒေသမှာ နေထိုင်တဲ့ မွတ်စလင် ၁ သိန်းကျော်ဟာ အိုးအိမ်စွန့်ခွါပြီး ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေရာသည်မှာ ၂ နှစ်ကျော်လာဖြစ်ပါတယ်။

Comments

Leave a Reply