ဇူလိုင် ၂ ၊ ၂၀၁၄
M-Media
ဘယ်လ်ဂျီယံ ၂-၁ အမေရိကန်

ဘယ်လ်ဂျီယံနဲ့ အမေရိကန်တို့ရဲ့ ပွဲမှာလည်း အချိန်ပိုရောက်မှ အရှုံးအနိုင်ပေါ်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံတို့ အမေရိကန်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့ အနိုင်ဂိုးကိုတော့ အချိန်ပို ၉၃ မိနစ်နဲ့ ၁၀၅ မိနစ်တွေမှာ ဒီဘရိုက်တန်နဲ့ လူစားဝင်ကစားသမား လူကာကူတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ ချီးကျူးရမှာက အမေရိကန် ဂိုးသမား တင်ဟောင်းဝပ်ဖြစ်ပြီး ဘယ်လ်ဂျီယံတို့ရဲ့ အပိုင်ကန်ချက်တော်တော်များများကို လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့ပါတယ်။
၁၀၇ မိနစ်မှာ ဂျူလီယံ ဂရင်းက အမေရိကန်အတွက် ချေပဂိုးပြန်သွင်းပေးခဲ့ပေမယ့် နောက်တစ်ဆင့်တက်ဖို့အတွက်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဘယ်လ်ဂျီယံနဲ့ အာဂျင်တီးနားတို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ကိုတော့ ဇူလိုင် ၅ ရက် ည ၁၀ နာ ရီခွဲမှာ ကစားမှာဖြစ်ပါတယ်။
Photo Credit- FIFA


Leave a Reply
You must be logged in to post a comment.