News @ M-Media

အာဂျင်တိုင်းကွင်းလယ်လူ ဒီမာရီယာ ဆီမီးဖိုင်နယ်ပွဲ လွဲချော်မည်

ဇူလိုင် ၆ ၊ ၂၀၁၄
M-Media
432353_heroa
– အာဂျင်တီးနားအသင်း၏ အားထားရသည့် ကွင်းလယ်လူ ဒီမာရီယာမှာ ဘယ်လ်ဂျီယံနှင့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် ရရှိခဲ့သောဒဏ်ရာကြောင့် ဟော်လန်နှင့်ကစားရမည့် ဆီမီးဖိုင်နယ်ပွဲစဉ်အား လွဲချော်တော့မည်ဟု သိရသည်။

ဒီမာရီယာမှာ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ပထမပိုင်း ၃၃ မိနစ်သာကစားပြီး ဒဏ်ရာရှိခဲ့သောကြောင့် လူစားလဲခဲ့ရသည်း အေးဂျင့်ဖြစ်သူ ယူဂျီနီယိုလိုပ်က်ဇ်က ဒီမာရီယာမှာ ပေါင်ကြွက်သွား ထိမိသွားခဲ့ပြီး ကျန်ရှိသည့်ပြိုင်ပွဲများတွင် ပါဝင်ကစားနိုင်ခြင်း မရှိတော့ဟု ပြောကြားခဲ့သည်။

အာဂျင်တီးနားအသင်းမှာ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဟော်လန်အသင်းနှင့် လာမည့်ဗုဒ္ဓဟူးနေ့တွင် ကစားမည်ဖြစ်ပြီး မက်ဆီကို အားပြုနေရသည့် အာဂျင်တီးနားအတွက် ဒီမာရီယာ မပါဝင်နိုင်မှုက ထိုးနှက်ချက်ဖြစ်လာမည်ဖြစ်သည်။

Comments

Leave a Reply