News @ M-Media

ဆွာရက်ဇ် မရှိလည်း နိုင်အောင် ကစားနိုင်ကြောင်း လီဗာပူး သက်သေပြနိုင်ခဲ့ဟု စတားရစ်ခ်ျဆို

သြဂုတ် ၁၈ ၊ ၂၀၁၄
M-Media
445762_heroa
– ဆွာရက်ဇ်မရှိသော်လည်း မိမိတို့အသင်းမှာ ပွဲများကို နိုင်အောင်ကစားနိုင်ကြောင်းသက်သေပြနိုင်ခဲ့သည်ဟု လီဗာပူးလ်အသင်း၏ အင်္ဂလန်တိုက်စစ်မှူး စတားရစ်ခ်ျက ပြောကြားလိုက်သည်။

လီဗာပူးလ်အသင်းမှာ ယမန်နေ့က ကစားခဲ့သော ဆောက်သက်တမ်နှင့်ပွဲတွင် စတားရစ်ခ်ျ၏ နောက်ကျဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရာသီသစ်ကို အနိုင်ဖြင့် ဖွင့်လှစ်နိုင်ခဲ့သည်။ ပွဲအပြီးတွင် ဆွာရက်ဇ်မရှိသော လီဗာပူးလ်အသင်း ဂိုးရရေးအတွက် မိမိအပေါ်တွင် ဖိအားများရှိနေသော်လည်း ထိုဖိအားကို ကြိုက်နှစ်သက်ကြောင်း စတားရစ်ခ်ျက ဆိုသည်။

“(ဆွာရက်ဇ်မပါဘဲနဲ့) ပွဲတွေကို နိုင်အောင် ကစားနိုင်တယ်ဆိုတာ ကျွန်တော်တို့ ဒီနေ့ ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးတွေသွင်းနိုင်သလို ခံစစ်လည်း ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ရဟီးမ်(စတာလင်)နဲ့ အခြားသောကစားသမားတွေဟာ ဒီရာသီအတွက် အဆင်ပြေတယ်ဆိုတာကိုလည်း ပြသခဲ့ပါတယ်” ဟု စတားရစ်ခ်ျက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ထို့ပြင် ဆွာရက်ဇ်မှာ ကစားသမားကောင်းတစ်ဦးဖြစ်ပြီး လီဗာပူးလ်အသင်းသားများအားလုံှးဆွာရက်ဇ်အား သတိရနေမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Comments

Leave a Reply