သြဂုတ် ၂၅ ၊ ၂၀၁၄
M-Media
– လက်စတာအသင်းအား အနိုင်ရခဲ့ခြင်းမှာ အရေးပါသည့်နိုင်ပွဲဖြစ်သော်လည်း အသင်းသားများအနေဖြင့် မိမိတို့၏ခြေစွမ်းကို ရောင့်ရဲမနေကြရန် ချယ်ဆီးနည်းပြ မော်ရင်ဟိုက သတိပေး ပြောကြားလိုက်သည်။
ချယ်ဆီးအသင်းမှာ ယမန်နေ့က ကစားခဲ့သည် ပရီးမီးယားလိဂ် ပွဲစဉ် ၂ တွင် လက်စတာ စီးတီးအသင်းအား ဒီယေဂိုကော်စတာနှင့် ဟဇာ့ဒ်တို့၏သွင်းဂိုးတို့ဖြင့် အနိုင်ရရှိခဲ့ပြီး ရာသီသစ်တွင် ရာနှုန်းပြည့် နိုင်ပွဲဆက်နိုင်ခဲ့သည်။ သို့သော်လည်း မော်ရင်ဟိုကမူ ကစားသမားများ၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ ကျေနပ်ခြင်းမရှိခဲ့ပေ။
“ပထမပိုင်းမှာ အသင်းဟာ သိပ်လေးပါတယ်။ ဒါကိုကျွန်တော်မကြိုက်ပါဘူး။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ တိုးတက်လာပါတယ်။ အရေးကြီးဆုံးချက်ကတော့ ကျွန်တော်တို့ နိုင်ခဲ့တာပါပဲ” ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ပထမပိုင်းပွဲအပြီး၌ ကစားသမားများအား ပုံစံမပြောင်းလဲပါက ယခုပွဲအား နိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီးနောက် ဒုတိယပိုင်းတွင် အသင်း၏ ကစားပုံမှာ လုံးဝ ပြောင်းလဲသွားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Leave a Reply
You must be logged in to post a comment.