News @ M-Media

လက်ရွေးစင်နည်းပြ ခေါ်ယူမှု ငြင်းဆန်လျှင် ရီဘာရီ အပြစ်ပေးခံရမည်ဟု UEFA ဥက္ကဌဆို

စက်တင်ဘာ ၇ ၊ ၂၀၁၄
M-Media
444775_heroa
– ရီဘာရီအနေဖြင့် နိုင်ငံတကာ ဘောလုံးကစားသမားဘ၀မှ အနားယူခဲ့ခြင်းကိုနားမလည်နိုင်ဘဲ လက်ရွေးစင်အသင်း၌ ပါဝင်ကစားရန် ခေါ်ယူမှုကို ငြင်းဆန်ပါက အပြစ်ပေးခံရနိုင်သည်ဟု ယူအီးအက်ဖ်အေ ဥက္ကဌ ပလာတီနီက ပြောကြားလိုက်သည်။

ရီဘာရီမှာ ကိစ္စတစ်ခုအတွက် စုံးစမ်းစစ်ဆေးမှုကို ခံရပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ပြင်သစ်လူစာရင်းမှ ယခုနှစ်အစောပိုင်းတွင် နှုတ်ထွက်ခဲ့ပြီး၊ နောက်ပိုင်းတွင် နိုင်ငံတကာ ဘောလုံးကစားသမားဘ၀မှ အနားယူပြီဟု ကြေညာခဲ့သည်။

ပလာတီနီကမူ ရီဘာရီ၏ ဆုံးဖြတ်ချက်အတွက် စိတ်ရှုပ်ရပြီး၊ နည်းပြ ဒက်ချမ့်စ်၏ ခေါ်ယူမှုကို ငြင်းဆန်ပါက အပြစ်ပေးခံရနိုင်သည်ဟု ပြောကြားခဲ့သည်။

“လက်ရွေးစင်အသင်းမှာ ကစားမလား၊ မကစားဘူးလားဆိုတာဟာ ကစားသမားရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ နည်းပြရဲ့ဆုံးဖြတ်ချက်ပါပဲ။ နည်းပြက သူ့(ရီဘာရီ)ကို ဖိတ်ခေါ်ရင် သူဟာ လက်ရွေးစင်အသင်းကို လာကို လာရပါမယ်။ ဒါကို ဖီဖာရဲ့ စည်းကမ်းချက်တွေထဲမှာ သတ်မှတ်ထားပါတယ်။ တစ်ကယ်လို့ သူမလာဘူးဆိုရင် ဘိုင်ယန်မြူးနစ်နဲ့ ကစားခွင့် ၃ ပွဲ ပိတ်ပင်ခံရမှာပါ” ဟု ပလာတီနီကဆိုသည်။

ထို့ပြင် ပြင်သစ်မြေပေါ်တွင် ကျင်းပမည့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲတွင် ပြင်သစ်လူမျိုး တစ်ယောက်က ပါဝင်မကစားသည့်အတွက် ရီဘာရီအား နားမလည်နိုင်ကြောင်း ပလာတီနီက ထပ်လောင်းပြောကြားခဲ့သည်။

Comments

Leave a Reply