News @ M-Media

လီဗာပူး မနှစ်ကထက် ခြေစွမ်းထက်ညံ့နေကြောင်း နည်းပြရောဂျာဝန်ခံ

စက်တင်ဘာ ၂၃ ၊ ၂၀၁၄
M-Media
456524_heroa
– မိမိတို့အသင်းမှာ ယမန်နှစ်စွမ်းဆောင်ရည်အောက်ကို ရောက်ရှိနေသည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ၀န်ခံခဲ့ပြီး ကစားသမားမျာအနေဖြင့် အရှုံးများကို နောက်တွင်ချန်ကာ လာမည့်ပွဲအတွက် အာရုံစိုက်ရန် တိုက်တွန်းခဲ့သည်။

အနှစ် ၂၀ အတွင်း အကောင်ဆုံးခြေစွမ်းများကို ပြသ၍ ယမန်နှစ်က အဆင့် ၂ နေရာအထိ ရောက်ရှိခဲ့သည့် လီဗာပူးလ်မှာ ယခုနှစ် ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရပြီး ၅ ပွဲကစားပြီးချိန်တွင် ၃ ပွဲအထိ ရှုံးနိမ့်ထားသည်။

ရော်ဂျာကမူ ထိုရှုံးနိမ့်မှုများအား မေ့ပစ်ကာ လာမည့်ပွဲတွင် ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်ရေး တိုက်တွန်းခဲ့ကာ၊ မိမိတို့အသင်း ခံစစ်ကို ပြုပြင်ရမည်ဟုဆိုသည်။

“ပွဲတွေမှာ ကျွန်တော်တို့ အမှားတွေလုပ်ခဲ့ပြီး ဒါတွေကို စွဲလမ်းမနေဖို့ လိုပါတယ်။ ကျွန်တော်တို့ အလုပ်ပြန်လုပ်ရမှာပါ။ အရင်ဆုံးလုပ်ရမှာကတော့ ခံစစ်ကို တောင့်တင်းအောင်လို့ပါ။ နောက်ပြီး တစ်သင်းလုံး ပိုကောင်းဖို့လိုပါတယ်” ဟု ရော်ဂျာက ယမန်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လီဗာပူးလ်မှာ ယနေ့ညတွင် လိဂ်ဖလားပွဲစဉ်အဖြစ် မစ်ဒယ်ဘရော့အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Comments

Leave a Reply