စက်တင်ဘာ ၂၉ ၊ ၂၀၁၄
M-Media

ပြင်သစ်နိုင်ငံက ကွန်ပျူတာ လုံခြုံရေးပညာရှင် Stéphane Chazelas က UNIX အခြေခံ ကွန်ပျူတာတွေမှာ အသုံးပြုတဲ့ Bash shell မှာ လုံခြုံရေး ယိုပေါက်တစ်ခုကို တွေ့ရှိဖေါ်ထုတ်နိုင်ခဲ့ပါတယ်။
လုံခြုံရေးယိုပေါက်ကို bash bug သို့အဟုတ် Shellshock bug လို့ ခေါ်ဆိုထားကြပါတယ်။ ဒီ bug ကြောင့် ထိခိုက်နိုင်တဲ့ စနစ်တွေကတော့ Linux, Apple mac, တွေအပြင် connected device လို့ခေါ်ဆိုကြတဲ့ အင်တာနတ်နဲ့ ချိတ်ဆက်ထားတဲ့ ကိရိယာတွေ အထိပါဝင်ပါတယ်။
ထိခိုက်နိုင်မှုဟာ ဒီနှစ်အစောပိုင်းက ထွကိပေါ်ခဲ့တဲ့ Heartbleed bug ထက် ဆိုးရွားနိုင်ပါတယ်။
Android ကိုတော့ ထိခိုက်မှုမရှိဘူးလို့ ဂူးဂဲလ်က ပြောဆိုပါတယ်။ hacker တွေဟာ အင်တာနက် ဆာဗာတွေကို botnet အဖြစ်ထိမ်းချုပ်ပြီး တိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်တယ်လို့ ကွန်ပျူတာ လုံခြုံရေးပညာရှင် တွေက ဆိုပါတယ်။
တင်ဆက်သူ- daythanix

Leave a Reply
You must be logged in to post a comment.