အောက်တိုဘာ ၅ ၊ ၂၀၁၄
M-Media
– လွန်ခဲ့သည့် ၁၂ နှစ် အသက် ၄ နှစ်အရွယ်က အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှ ပျောက်ဆုံးသွားခဲ့သည့် မိန်းကလေးတစ်ဦးအား မက္ကဆီကို နိုင်ငံ၌ ပြန်လည်တွေ့ရှိခဲ့သည်ဟု သိရသည်။
ဆာဘရီနာ အဲလင်ဆိုသည့် သမီးငယ်လေးဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် ဖခင်၏ အုပ်ထိန်းမှုအောက်မှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကာ မက္ကဆီကိုစီးတီး အရှေ့ပိုင်း ကီလိုမီတာ ၁၄၀ အကွာရှိ အီစတာဖီတာ တလက်စ်ကာလာမြို့တွင် အင်္ဂါနေ့က ပြန်တွေ့ခဲ့သည်။
အဲလင်၏ မိခင် ဒါရာမာရီ လိုရန်နှင့် အဖေဖြစ်သူ ဂျာ့ဂ်ျအဲလင်တို့မှာ ၂၀၀၀ ပြည့်နှစ်က ကွာရှင်းခဲ့ပြီးနောက်ပိုင်း အဲလင်အား အုပ်ထိန်းခွင့်ရရေးအတွက် အမှုဖြစ်ခဲ့ကြသည်။
ထိုသို့မှုအဖြစ်နေချိန် ဖခင်နှင့် အတူရှိနေစဉ် မိခင်ဖြစ်သူ လိုရန်က အဲလင်အား ခိုးယူကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ အဲလင်အား အုပ်ထိန်းခွင့်ကို ဖခင်ဖြစ်သူ ဂျာ့ဂ်ျက ရရှိခဲ့ပြီး ရှာဖွေမှုများပြုလုပ်ခဲ့သော်လည်း မတွေ့ခဲ့ပေ။
အဲလင်က မိခင်မှာ အဖမ်းခံရမှုမှ လွတ်မြောက်ရန် အတွက် မျက်နှာအား ခွဲစိတ်ပြုပြင်မှုများ ပြုလုပ်ထားပြီး သားအမိနှစ်ဦးစလုံးမှာ မက္ကဆီကိုတွင် အခြား နာမည်များဖြင့် နေထိုင်ခဲ့ကြသည်ဟု ဆိုသည်။
ဂျာ့ဂ်ျကမူ သမီးဖြစ်သူအား ယခုကဲ့သို့ ပြန်လည်တွေ့ရှိခဲ့သည့် အတွက် ပျော်ရွှင်မိကြောင်း၊ မိမိတို့ မိသားစုတစ်ခုလုံးမှာ အဲလင်အား ရှာဖွေမှုတွင် ပါဝင်ကူညီခဲ့ကြသူများ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
အဲလင်ပျောက်ဆုံးမှုမှာ အမေရိကန်တွင် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပြီး အမေရိကန်၏ အလိုချင်ဆုံးသူအဖြစ် ၂ ကြိမ်တိုင်တိုင် TV မှ ကြေညာခြင်းခံခဲ့ရသည်။
ref_ DailyTelegraph
Leave a Reply
You must be logged in to post a comment.