အောက်တိုဘာ ၆ ၊ ၂၀၁၄
M-Media
– သြစတေးလျနိုင်ငံ ဘရစ္စဘိန်းမြို့တွင် စားဖိုမှူးရည်းစားဖြစ်သူက ချစ်သူအား သတ်ကာ ချက်ပြုတ်မှု တစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
အနံ့အသက်များ ဆိုးရွားသည်ဟု အိမ်နီးချင်းများက ရဲတပ်ဖွဲ့သို့ အကြောင်းကြားရာမှ ဘရစ္စဘိန်းမြို့ ဆင်ခြေဖုံးရှိ တိုက်ခန်းတစ်ခုကို ၀င်ရောက်စစ်ဆေးခဲ့ရာ အင်ဒိုနီးရှားနိုင်ငံသူ အသက် ၂၇ နှစ်အရွယ် မာယန် ပရာဆက်ယို၏ ခန္ဓာကိုယ် အစိတ်အပိုင်းကို ရည်းစားဖြစ်သူ အသက် ၂၈ နှစ်အရွယ် မားကတ်စ် ပီတာ ဗိုလ်ကီဆိုသူက ချက်ပြုတ်နေသည်ဟို တွေ့ရှိခဲ့ရသည်။
ဗိုလ်ကီမှာ ရဲတပ်ဖွဲ့များ ရောက်လာချိန်တွင် ထွက်ပြေးသွားခဲ့ပြီး နောက်ပိုင်းတွင် ၎င်းအား လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကာ မိမိကိုယ်ကို သတ်သေခဲ့ခြင်း ဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ပရာဆက်ယိုနှင့် ဗိုလ်ကီတို့မှာ ပြီးခဲ့သည့်နှစ်က စေ့စပ်ထားသည်ဟု ဗိုလ်ကီ၏ Facebook တွင် ရေးသားမှုအရ သိရပြီး ၎င်းတို့၏ အမည်မဖော်လိုသော အတန်းဖော်ဟောင်း တစ်ဦးကမူ ၎င်းတို့ ၂ ဦးမှာ လက်ထပ်ထားကာ ပြီးခဲ့သည့်နှစ်က ဂျာမနီသို့ပင် ဟန်းနီးမွန်းသွားခဲ့သည်ဟု ပြောကြားခဲ့သည်။
ပရာဆက်ယို၏ ကျန်ရှိနေသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို အဆိုပါ တိုက်ခန်း၏ အပြင်ဘက်ရှိ အမှိုက်ပုံးထဲတွင် တွေ့ရှိခဲ့ရသည်။
ref_ Daily Mail

Leave a Reply
You must be logged in to post a comment.