News @ M-Media

ဟိန္ဒူဘာသာဝင်တို့၏ ဒေပါဝလီနေ့ ရုံးပိတ်ရက်ကြေညာ

အောက်တိုဘာ ၈ ၊ ၂၀၁၄
M-Media
သီဟ
daypawarli
ရန်ကုန် ။          ။ အောက်တိုဘာလ (၂၃) ရက် (ကြာသပတေး) နေ့ဟာ ဟိန္ဒူဘာသာ သာသနာဝင်များ၏ “ဒီပါဝလီနေ့” အထိမ်းအမှတ်ဖြစ်သည့် အတွက် အများပြည်သူများ အလုပ်ပိတ်ရက် အဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့မှ မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

898
နိုင်ငံတော် အခြေခံဥပဒေတွင် နိုင်ငံတော်အတွင်း တည်ရှိသော ဘာသာများအဖြစ် အသိအမှတ်ပြုထားသော လူနည်းစု ဘာသာများဖြစ်ကြ သော အစ္စလာမ်ဘာသာ အတွက် အီဒွလ်အဿွာဟာ (ဘက္ကရီအီးဒ်)နေ့ ၊ ခရစ်ယာန် ဘာသာ အတွက် ခရစ်စမတ်နေ့၊ ဟိန္ဒူဘာသာသာနာ အတွက် ဒေပါဝါလီနေ့တွင် အစိုးရ၏ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားပြီး အီဒွလ်အဿွာဟာ နှင့် ဒေပါဝါလီနေ့တို့မှာ ခရစ် သက္ကရာဇ်ကို အခြေခံတွက်ချက်ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ ဘာသာဝင်တို့ရဲ့ ပြက္ခဒိန်ကို အခြေခံထားသောကြောင့် ပုံသေရက်သတ်မှတ်၍ မရခြင်းဖြစ်ကြောင်း သိရပါတယ်။
၂၀၁၄ ခုနှစ် အောက်တိုဘာလအတွင်း အစ္စလာမ်ဘာသာ ၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာတို့ရဲ့ အထွတ်အမြတ်ထားရာ နေ့များ တလအတွင်း ကျရောက်ခဲ့တာကို တွေ့ရပါတယ်။

ကိုးကား- ၈-၁၀-၊၀၄ ထုတ်ကြေးမုံ

Comments

Leave a Reply