News @ M-Media

မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွား ၁ ဦးသေဆုံး ၊ ၁၄ ဦး ဒဏ်ရာရ

အောက်တိုဘာ ၉ ၊ ၂၀၁၄
M-Media
BOMB_Bukit_Bintang8_091014_TMIAFIF_012
– မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဘူကစ်ဘင်တန်းတွင် ယနေ့နံနက်အစောပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

Sun Complex အဆောက်အဦးအရှေ့၌ ယနေ့နံနက် ၄ နာရီ ၂၅ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကာ ကွာလာလမ်ပူ ဆေးရုံကြီးနှင့် Tung Shin ဆေးရုံများသို့ ပို့ဆောင်ကုသလျက်ရှိနေသည်။

အုပ်စုတစ်စုမှာ တိုယိုတာ Vellfire သို့တက်နေစဉ် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများမှာ အဆိုပါ အဆောက်အဦး၏ ဒုတိယထပ်မှ ပြုတ်ကျလာခြင်းဖြစ်ပြီး ပေါက်ကွဲ မှုကြောင့် တိုယိုတာ Camry၊ Mazda နှင့် BMW ကားသုံးစီး ပျက်ဆီးခဲ့ရသည်ဟု မြို့နယ် CID ဒုတိယ အကြီးအကဲ ခိုင်ရီက ပြောကြားခဲ့သည်။

“သေဆုံးဒဏ်ရာရသူတွေဟာ pub တစ်ခုက ဖောက်သည်တွေနဲ့၊ အဲဒီအနားက ဟိုတယ်တွေမှာ တည်းနေတဲ့သူတွေဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့ပြင် ထိုကဲ့သို့ တိုက်ခိုက်မှုမှာ လူမိုက်ဂိုဏ်းများ အကြား တိုက်ခိုက်မှုဖြစ်မည်ဟု ယူဆရပြီး ရဲတပ်ဖွဲ့အနေဖြင့် ထောင့်ပေါင်းစုံမှ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ref_ The Star

Comments

Leave a Reply