News @ M-Media

၁၃ နှစ်ကြာပြီ ဖြစ်တဲ့ အာဖဂန် ကျူးကျော်စစ်တွင် ပါဝင်ခဲ့သော ဗြိတိန် စစ်တပ် အိမ်ပြန်ပြီ

အောက်တိုဘာ ၂၇ ၊ ၂၀၁၄
M-Media
2014102615119240734_20
– ၁၃ နှစ်တာ ကြာမြင့်ခဲ့သည့် အာဖဂန်အား အမေရိကန်၏ ကျူးကျော်စစ်တွင် ပါဝင်ခဲ့သည့် ဗြိတိန်စစ်တပ်များမှာ ၎င်းတို့၏ တာဝန်များကို အဆုံးသတ်လိုက်ပြီး အိမ်ပြန်တော့မည်ဟု သိရသည်။

ဗြိတိန်စစ်တပ်မှာ ၎င်းတို့၏ တာဝန်အရပ်အရပ်ကို အာဖဂန် အနောက်တောက်ပိုင်း ဟဲလ်မန်းပြည်နယ်ရှိ Bastion နှင့် Leatherneck စစ်အခြေစိုက် စခန်းနှစ်ခုတွင် အာဖဂန် တပ်များအား ယမန်နေ့က လွှဲပြောင်းပေးခဲ့သည်။ သို့သော်လည်း ဗြိတိန်တပ်များ အာဖဂန်မှ ထွက်ခွာမည့်အချိန်ကို လုံခြုံရေး အကြောင်းပြချက်ဖြင့် ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိချေ။

အဆိုပါ တပ်စခန်းနှစ်ခုမှာ အာဖဂန် အနောက်တောင်ပိုင်း ဒေသအတွက်နိုင်ငံတကာမဟာမိတ်တပ်များ အခြေစိုက်ရာ ဌာနချုပ်ကြီးဖြစ်ပြီး ဗြိတိန်တပ်များ ထွက်ခွာပြီးနောက် အာဖဂန်တပ်မတော် အမှတ် ၂၁၅ တပ်မမှ ကွပ်ကဲအုပ်ချုပ်မည်ဖြစ်သည်။

အာဖဂန်ကျူးကျော်စစ်အတွင်း အမေရိကန်နှင့် ဗြိတိန်တပ်များမှာ တိုက်ပွဲကြီးများကို ရင်ဆိုင်ခဲ့ရပြီး ၂၀၀၁ ခုနှစ်မှစတင်ခဲ့သည့် အဆိုပါ စစ်ပွဲအတွင်း အမေရိကန်စစ်သား ၂၂၁၀နှင့် ဗြိတိန်စစ်သား ၄၅၃ ဦး သေဆုံးခဲ့သည်။ အာဖဂန်မှ နိုင်ငံခြားတပ်များမှာ ယခုနှစ်အကုန် နောက်ဆုံးထား၍ ထွက်ခွာမည်ဖြစ်သည်။

ref_ AP

Comments

Leave a Reply