အောက်တိုဘာ ၃၀၊ ၂၀၁၄
M-Media
– အသင်း၏ကစားပုံနှင့် ရလဒ်များတွင် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းက မန်ယူအသင်းထက် ပိုသာနေသည်ဟု မန်ယူဂိုးသမားဟောင်း ပီတာ ရှမိုက်ကယ်က ပြောကြားလိုက်သည်။
အသက် ၅၀ အရွယ်ရှိပြီဖြစ်သည့် ရှမိုက်ကယ်မှာ မန်ယူအသင်းတွင် ၁၉၉၁ ခုနှစ်မှ ၁၉၉၉ နှစ်အထိ ကစားခဲ့သူဖြစ်ပြီး မန်စီးတီးအသင်းတွင် ၂၀၀-၀၃ တစ်ရာသီကစားကာ ကစားသမားဘ၀ကို အဆုံးသတ်ခဲ့သူဖြစ်သည်။
ရှမိုက်ကယ် မန်ယူတွင်ကစားစဉ်က မန်စီးတီးမှာ တတိယတန်းတွင် ကျင်လည်နေရသည့် အသင်းဖြစ်ပြီး ဒါဘီပြိုင်ပွဲများတွင် မန်ယူအား လုံးဝ အနိုင်မရခဲ့ပေ။
“မန်ယူကိုရောက်ပြီး ပထမ ၂ နှစ်မှာ မန်စီးတီးဆိုတာ ကျွန်တော်မသိပါဘူး။ အဲဒီအချိန်တုန်းက လီဗာပူးလ်နဲ့ လိဒ်စ်တို့က အသင်းကြီးတွေပါ။ ဒါပေမယ့် အခုတော့ ပြောင်းပြန်ဖြစ်သွားပါပြီ။ မန်စီးတီးဟာ ချန်ပီယံဖြစ်နေပြီး မနှစ်က သူတို့ ဒုတိယမြောက် ပရီးမီးယားလိဂ်ဖလား ရခဲ့ပါတယ်။ အခုအချိန်မှာတော့ ရလဒ်တွေအရ သူတို့ဟာ မန်ယူထက် ပိုသာတဲ့အသင်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု ရှမိုက်ကယ် BBC သို့ ပြောကြားခဲ့သည်။
မန်စီးတီးမှာ ယခုတစ်ပတ် တနင်္ဂနွေနေ့တွင် အိမ်ကွင်း၌ မန်ယူအား ဧည့်ခံကစားရမည်ဖြစ်ပြီး ရှမိုက်ကယ်ကမူ အသင်း၏ မတည်ငြိမ်မှုကြောင့် အဆိုပါ ဒါဘီပွဲမှာ မန်ယူအတွက် အခက်တွေ့စရာဖြစ်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
Daily Mail
Leave a Reply
You must be logged in to post a comment.