အောက်တိုဘာ ၃၀ ၊ ၂၀၁၄
M-Media

– အမေရိကန်အခြေစိုက် နာမည်ကြီး သွားတိုက်ဆေး ကုမ္ပဏီဖြစ်သော Colgate-Palmolive ကုမ္ပဏီလီမိတက်မှာ မြန်မာနိုင်ငံရှိ လေဆာအမှတ်တံဆိပ်အား ၀ယ်ယူလိုက်သည်ဟု သိရသည်။
အကြမ်းဖျင်း ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် ၀ယ်ယူလိုက်ခြင်းဖြစ်သည်ဟု အရောင်းအ၀ယ် ကိစ္စများကို သိရှိသူတစ်ဦးက အင်္ဂါနေ့က ပြောကြားခဲ့ပြီး ထိုကဲ့သို့ ၀ယ်မှုမှာ ၂၀၁၂ ခုနှစ် စီးပွားရေး ပိတ်ဆို့မှုများ ဖယ်ရှားပြီးနောက်ပိုင်း အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခု၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုလည်းဖြစ်သည်။
Colgate မှ ထုတ်ပြန်သော ကြေညာချက်တွင်လည်း လေဆာသွားတိုက်ဆေးနှင့် ရွှေဧရာနဒီကုမ္ပဏီလိမိတက်မှ ထုတ်လုပ်သော တစ်ကိုယ်ရေသုံး ပစ္စည်းများ ထုတ်လုပ်ခွင့်ကို ၀ယ်ယူခဲ့ကြောင်း အတည်ပြုခဲ့ပြီး ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုမှာမိမိတို့ကုမ္ပဏီ၏ စီးပွားရေးတိုးတက်မှု ရည်မှန်းချက်ကို စီးပွားရေးအရ အရေးပါသော တိုးတက်မှုများ ရှိနေသည့် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။
ထို့ကြောင့် Colgate မှာ လေဆာသွားတိုက်ဆေးနှင့် လေဆာမှ ထုတ်လုပ်မှုအားလုံးကိုဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံမှ Colgate သွားတိုက်ဆေးများကိုလည်း တင်သွင်းဖြန့်ချီသွားမည် ဖြစ်သည်။
စီးပွားရေးပိတ်ဆို့မှုများပြီးနောက် မြန်မာနိုင်ငံသို့ ၀င်ရောက်လာကြသည့် အမေရိကန်မှ စီးပွားရေးလုပ်ငန်းများမှာ General Electric ကုမ္ပဏီ၊ ကိုကာကိုလာ ကုမ္ပဏီတို့ဖြစ်ကြပြီး Colgate မှာ မြန်မာ့စီးပွားရေးလောကအတွင်းသို့ ၀င်ရောက်လာသည့် တတိယမြောက် အမေရိကန် ကုမ္ပဏီ ဖြစ်လာခဲ့သည်။
Source: The Wall Street Journal

Leave a Reply
You must be logged in to post a comment.