နိုဝင်ဘာ ၄ ၊ ၂၀၁၄
M-Media
– မိမိတို့နိုင်ငံမှာ ယူကေမှ ခွဲထွက်မည်ဖြစ်ပြီး နှစ် ၂၀ အတွင်း လွတ်လပ်သော နိုင်ငံ တစ်နိုင်ငံဖြစ်လာမည်ဟု စကော့တလန် ပထမ ၀န်ကြီးချုပ် အဲလက်စ် ဆဲလ်မွန်းက ပြောကြားလိုက်သည်။
ဗြိတိန်မီဒီယာတစ်ခုနှင့် အင်တာဗျူးတွင် စကော့တလန် အမျိုးသားပါတီ SNP ၏ ခေါင်းဆောင်ဖြစ်သူ ဆဲလ်မွန်းက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အပြောင်းအလဲ လုပ်လိုသည့်ဆန္ဒမှာ ယခုအချိန်တွင် အလွန်ပြင်းထန်လာပြီး စက်တင်ဘာ ပြည်သူ့ ဆန္ဒခံယူပွဲ၌ ခွဲထွက်ရေးကို ဆန့်ကျင်မဲပေးခဲ့ကြသူများပင်လျှင် ယခုအချိန်တွင် သဘောဆန္ဒ ပြောင်းလဲသွားပြီဟု ထည့်သွင်းပြောကြားခဲ့သည်။
စက်တင်ဘာ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲတွင် စကော့တလန်ပြည်သူများ၏ ၅၅ ရာခိုင်နှုန်းမှာ မခွဲထွက်ရေးအတွက် မဲပေးခဲ့ကြပြီး ၄၅ ရာခိုင်နှုန်းကသာ ခွဲထွက်ရန် မဲပေးခဲ့ကြသည်။
သို့သော်လည်း ခွဲထွက်ရေးအတွက် ပြောကြားမှုများရှိနေပြီး Ipsos MORI မှ စစ်တမ်းကောက်ယူမှုအရ စကော့တလန်ပြည်သူများ၏ ၅၅ ရာခိုင်နှုန်းမှာ လာမည့် ၁၀ နှစ်အတွင်း ခွဲထွက်ရေးအတွက် ပြည်သူဆန္ဒခံယူပွဲ ကျင်းပလိုကြပြီး ၅ နှစ်အတွင်း ကျင်းပ လိုသူများမှာ ၅၈ ရာခိုင်နှုန်းအထိ ရှိနေသည်။
Source: CAH/HJL/HRB
Leave a Reply
You must be logged in to post a comment.