News @ M-Media

ကြက်ငှက်တုပ်ကွေးကြောင့် ဥရောပမှ မွေးမြူရေး ထွက်ကုန်များ တင်သွင်းခြင်း တောင်ကိုရီးယား ပိတ်

နိုဝင်ဘာ ၂၀၊ ၂၀၁၄
M-Media
An official inspects a crate of ducks during a cull at a duck farm in Nafferton, northern England

– အန္တရာယ်ရှိသည့် ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ကို တွေ့ရှိရသည်ဟု သတင်းများ ထွက်ပေါ်လာခြင်းကြောင့် ဗြိတိန်နှင့် နယ်သာလန်တို့မှ မွေးမြူရေးထွက်ကုန်များ တင်ပို့ခြင်းကို ရပ်ဆိုင်းလိုက်ပြီဟု တောင်ကိုရီးယား လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာနက အောက်တိုဘာ ၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်။

တင်ပို့မှုပိတ်ပင်ခြင်းကို အောက်တိုဘာ ၁၇ ရက် တနင်္လာနေ့တွင် စတင်ခဲ့ခြင်ဖြစ်ပြီး ထိုစာရင်းထဲတွင် ကြက်သားပေါက်များနှင့် အခြားသော လယ်ယာသုံး တိရိစ္ဆာန်များလည်း ပါဝင်သည်။

တောင်ကိုရီးယား လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှာ ထိုတုပ်ကွေးသတင်းများကြောင့် နိုဝင်ဘာ ၇ ရက်နေ့ကလည်း ဂျာမနီနိုင်ငံမှ မွေးမြူရေး ထွက်ကုန်များ တင်ပို့ခြင်းအား ပိတ်ပင်ထားခဲ့သည်။

ထိုကဲ့သို့ ပိတ်ပင်လိုက်ခြင်းမှာ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ပြန့်နှံ့ခြင်းကို တားဆီးရန်ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံအတွင်းရှိ မွေးမြူရေးထွက်ကုန်များနှင့် ပတ်သက်ခြင်းမရှိဟု ၀န်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ဥရောပသို့ သွားရောက်မည့် ဧည့်သည်များအနေဖြင့်လည်း မွေးမြူရေးတိရိစ္ဆာန်များနှင့် ထိတွေ့ခြင်းကို ရှောင်ရှားရန်နှင့် မွေးမြူရေးထွက်ကုန်များ နိုင်ငံအတွင်းသို့ ယူဆောင်လာခြင်းကိုလည်း ရှောင်ရှားကြရန် နိုင်ငံသားများကို တိုက်တွန်းထားသည်။

ဆင်ဟွာ

Comments

Leave a Reply