နိုဝင်ဘာ ၂၉ ၊ ၂၀၁၄
M-Media
– နိုက်ဂျီးရီးယားမြောက်ပိုင်း မြို့တော် ကာနိုရှိ ရှေးဟောင်းဗလီဝတ်ကျောင်းတော်တစ်ခုတွင် ယမန်နေ့က ဗုံး ၂ လုံးပေါက်ပွဲမှုကြောင့် အနည်းဆုံး လူ ၈၁ ဦး သေဆုံးခဲ့ပြီး ၁၅၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
သောကြာနေ့ဝတ်ပြုမှု စတင်ပြီးနောက် ဗလီဝတ်ကျောင်းတော် အပြင်ဘက်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်မှုများလည်းရှိကာ မည်သူက ပစ်ခတ်ခြင်းဖြစ်သည်ကို မသိရှိရကြောင်း မျက်မြင်သက်သေများက ဆိုသည်။
`သောကြာဝတ်ပြုမှုစတင်ပြီး ခဏအကြာမှာ ဒီဗလီဝတ်ကျောင်းတော်ရဲ့ ဥပစာမှာ ဗုံးနှစ်လုံး တစ်ခုပြီးတစ်ခု ပေါက်ကွဲခဲ့တာပါ´ ဟု အဆိုပါမြို့တွင် နေထိုင်သူ အေမီနူ အဘ်ဒူလာဟီက ပြောကြားခဲ့ပြီး ဗလီဝတ်ကျောင်းတော် အနီးအနားတွင်လည်း တတိယမြောက် ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
ုဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ထင်ရှားသည့် မွတ်စလင်ခေါင်းဆောင်ဖြစ်ပြီး မြောက်ပိုင်းအကြီးအကဲဖြစ်သူ လာမီဒို ဆာနူဆီမှာ အဆိုပါ ဗလီဝတ်ကျောင်းတော်ထဲတွင်ရှိနေသည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။
အာဖရိကအတွင်းပိုင်းနှင့် မြေထဲပင်လယ်ဒေသကို ဆက်စပ်ပေးသော ကာနိုဒေသရှိ အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ လွန်ခဲ့သည့်ရာစုနှစ်များစွာကတည်းက ဆောက်လုပ်ထားသည့် ရှေးဟောင်း ဗလီဝတ်ကျောင်းတော်တစ်လုံးလည်းဖြစ်သည်။
နိုင်ဂျီးရီးယားတွင် ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာဝင်များကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ဖူးပြီး ဗလီကို တိုက်ခိုက်ခဲ့သည့် လုပ်ရပ်နှင့် ပတ်သက်ပြီးမူ မည်သည့် အဖွဲ့အစည်းကမျှ မိမိတို့၏ လက်ချက်ဟု ထုတ်ဖော် ကြေညာမှု မရှိသေးချေ။
Leave a Reply
You must be logged in to post a comment.