နိုဝင်ဘာ ၃၀ ၊ ၂၀၁၄
M-Media

စပိန် နာမည်ကျော် ဘောလုံးအသင်း ရီးရဲလ်မက်ဒရစ် ဟာ အဘူဒါဘီ အမျိုးသားဘဏ်နဲ့ အကျိုးအမြတ်များတဲ့ စပွန်ဆာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက် အသင်းအမှတ် တံဆိပ်ထိပ်က ခရစ်ယျာန် လက်ဝါးကတ်တိုင် သင်္ကေတကို ဖြုတ်ပစ်ခဲ့ပါတယ်။ ဒီရက်သတ္တပတ်အစောပိုင်းမှာ ကျင်းပခဲ့တဲ့ အခမ်းအနားမှာ ကလပ် ဥက္ကဌ ဖလော်ရန်တီနို ပီးရပ်စ် က ဘဏ်က စပွန်ဆာပေးတဲ့ ခရတ်ဒစ်ကတ်ကို ပြသခဲ့ပါတယ်။ အဲ့ဒီကတ်က ရီးရဲလ်မက်ဒရစ် ကလပ်ရဲ့ အသင်းဝင်ကတ် အဖြစ်လည်းကိုယ်စားပြုပါတယ်။ ကတ်ပေါ်က ရီးရဲလ်မက်ဒရစ် အသင်းရဲ့ တံဆိပ်ဖြစ်တဲ့ တော်ဝင်သရဖူမှာတော့ လက်ဝါးကတ်တိုင် သင်္ကေတ ပါမလာပါဘူး။
ဒါဟာ ပင်လယ်ကွေ့ မွတ်စလင်နိုင်ငံတွေကို ကျေနပ်နှစ်သက်အောင် ပြုလုပ်ပေးတာဖြစ်ပြီး U.A.E နိုင်ငံပြင်ပမှာတော့ အသင်းတံဆိပ်က ပြောင်းလဲခြင်းမရှိပါဘူး။ ရီးရဲလ်မက်ဒရစ် ဘောလုံးအသင်းဟာ ဥရောပမှာ အကျော်ကြားဆုံး ဘောလုံးကလပ်ထဲက တစ်ခုဖြစ်ပြီး ကြွယ်ဝပြီး နက်ရှိုင်းတဲ့ သမိုင်းအစဉ်အလာရှိခဲ့ပါတယ်။
ဒီလိုလုပ်ဆောင်မှုတွေဟာ ရီးရဲလ်မက်ဒရစ် အသင်းတစ်ခုထဲတင်မကပါဘူး။ ဘာစီလိုနာ အသင်းဟာလည်း ကာတာလေကြောင်းလိုင်းနဲ့ စပွန်ဆာ စာချုပ်ဆိုခဲ့ပြီး ” ဘာစီလိုနာ အသင်းရဲ့ နယ်မြေ” ဆိုတဲ့ ကြော်ငြာ ရုပ်သံရိုက်ကူးခဲ့ပါသေးတယ်။ ဒါဟာ ရေနံနဲ့ ကြွယ်ဝချမ်းသာတဲ့ ပင်လယ်ကွေ့နိုင်ငံတွေ က အနောက်တိုင်း စီးပွားရေးသမားတွေကို ဇိမ်ခံ လည်ပတ်စရာအဖြစ် လာရောက်အောင်ခေါ်ယူတဲ့ ပုံစံတစ်မျိုးဖြစ်နေပါတယ်။
Source : WashingtonPost


Leave a Reply
You must be logged in to post a comment.