News @ M-Media

ဘေဆယ် ပရိတ်သတ်များ ဆိုရှယ်မီဒီယာများမှ တစ်ဆင့် လီဗာပူးလ် အား လှောင်ပြောင်

ဒီဇင်ဘာ ၁၁ ။ ၂၀၁၄
M-Media

23ECF18C00000578-2867795-image-a-3_1418171532244
– ယနေ့နံနက်က အန်ဖီးလ်ကွင်းတွင် ၁ ဂိုးစီ သရေကစားခဲ့ပြီး လီဗားပူလ်အား ချန်ပီယံလိဂ်မှ ထွက်စေခဲ့ပြီးနောက် ဘေဆယ်ပရိတ်သတ်များမှာ ဆိုရှယ်မီဒီယာများတွင် လီဗာပူးလ်အား လှောင်ပြောင်သည့် ကာတွန်များ၊ မှတ်ချက်များကို ရေးသား ဖော်ပြခဲ့ကြသည်။

အဆိုပါပွဲတွင် ဘေဆယ်မှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ကစားပုံလည်း ကောင်းမွန်ခဲ့ကာ လီဗာပူးလ်အား အခက်တွေ့စေခဲ့သည်။ လီဗာပူးလ်မှာ မိနစ် ၆၀ တွင် တစ်ယောက်အထုတ်ခံခဲ့ရပြီး ဂျရတ်က ပွဲပြီးကာနီးတွင် ချေပဂိုးသွင်းယူနိုင်ခဲ့သော်လည်း လိုအပ်နေသည့် အနိုင်ဂိုးကို မရခဲ့သောကြောင့် အုပ်စုအဆင့်ဖြင့်ပင် ကျေနပ်ခဲ့ရသည်။

ုထိုပွဲပြီးနောက် ဘေဆယ်ပရိတ်သတ်များက ဆိုရှယ်မီဒီယာများတွင် လီဗာပူးလ်အသင်းအား လှောင်ပြောင်ခဲ့ပြီး ထိုအထဲမှ ကာတွန်းတစ်ခုတွင် ချယ်ဆီးနှင့် စပါးအသင်းကို ကိုယ်စားပြုထားသည့် လူ ၂ ယောက်မှာ လီဗာပူးလ်အသင်းကို ကိုယ်စားပြုထားသည့် လူတစ်ယောက်အား တွဲခေါ်သွားသည့် ပုံကို ဖော်ပြထားသည်။

ဘေဆယ်မှာ ပြီးခဲ့သည့်နှစ် ချန်ပီယံလိဂ်တွင် ချယ်ဆီးအား စတမ်းဖို့ဘရစ်ခ်ျ၌ ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ကစားနိုင်ခဲ့ပြီး ယူရိုပါလိဂ် ကွာတားဖိုင်နယ်တွင်လည်း စပါးအသင်းကို ဖြုတ်ချနိုင်ခဲ့ကာ ထိုအဖြစ်အပျက်နှစ်ခုကို ပေါင်းစပ်၍ အဆိုပါ ကာတွန်းကို ဖန်တီးခဲ့ခြင်းဖြစ်သည်။

လီဗာပူးလ်အသင်းခေါင်းဆောင် ဂျာရတ်ကမူ မိမိတို့အသင်းမှာ ဘေဆယ်နှင့် ပွဲတွင် ကစားပုံမကောင်းခဲ့ကြောင်း ထို့ပြင် နောက်တစ်ဆင့်တက်ရန်လည်း မထိုက်တန်ခဲ့ကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။

Daily Mail

Comments

Leave a Reply