ဒီဇင်ဘာ ၂၂၊ ၂၀၀၁၄
M-Media
– ဆိုနီကုမ္ပဏီအား ဟက်ကာအဖွဲ့မှ တိုက်ခိုက်မှုကို မြောက်ကိုရီးယားအစိုးရက
ဆောင်ရွက်သည်ဆိုသည့် ကောလဟာလများကို အမေရိကန်သမ္မတ ဘာရက်အိုဘားမားက မဆင်မခြင်ပြောကြားနေပြီး အကြမ်းဖက်ဝါဒ အရင်းတည်ရာ အမေရိကန် တစ်နိုင်ငံလုံးအား ဆန့်ကျင် တိုက်ခိုက်သွားမည်ဟု မြောက်ကိုရီးယားက သတိပေးလိုက်သည်။
မြောက်ကိုရီးယား အမျိုးသားကော်မရှင်က ဒီဇင်ဘာ ၂၁ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်သော ရှည်လျားသည့် ကြေညာချက်၌ ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်ပြီး မြောက်ကိုရီးယားဘက်မှ ထိုကဲ့သို့တုန့်ပြန်မှုမှာ ၂ နိုင်ငံ တင်းမာမှုများဖြစ်နေသည့်အချိန်တွင် ပုံမှန် ဆောင်ရွက်နေကျဖြစ်သည်။
သို့သော်လည်း ယခုတုံ့ပြန်မှုမှာ ၎င်းတို့ခေါင်းဆောင် ကင်ဂျုံအန်အား လုပ်ကြံသည့်ပုံစုံ ဆိုနီမှ ရိုက်ကူးထားသော Th Interview ဇာတ်ကားနှင့် ပတ်သက်၍ မြောက်ကိုရီးယားက မကျေမနပ်ဖြစ်နေသည်ကို ပေါ်လွင်လာခြင်းလည်း ဖြစ်သည်။
ထို ဇာတ်ကားရိုက်ကူးမှုကို မကျေနပ်သည့်အတွက်ကြောင့် မြောက်ကိုရီးယား ဟက်ကာ အုပ်စုတစ်ခုက ဆိုနီကုမ္ပဏီအား ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အမေရိကန်ကမူ ထိုတိုက်ခိုက်မှုတွင် မြောက်ကိုရီးယား အစိုးရက ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခဲ့သည်။
မြောက်ကိုရီးယား ဟက်ကာအဖွဲ့ကမူ အဆိုပါ ရုပ်ရှင်အား ပြသပါက ရုပ်ရှင်ရုံများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သောကြောင့် ဆိုနီက ရုံတင်ရန် စီစဉ်ထားမှုအား ရပ်ဆိုင်းခဲ့သည်။
Ref : Aljazeera and Agencies
Leave a Reply
You must be logged in to post a comment.