News @ M-Media

ပီအက်စ်ဂျီ၏အနာဂတ်အတွက် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဟု အသင်းဥက္ကဌဆို

ဒီဇင်ဘာ ၂၄၊ ၂၀၁၄
M-Media

10882353_814429581932847_3297004632239477079_n

– မိမိတို့အသင်း အနာဂတ်အတွက် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး တိုက်စစ်မှူးအီဗရာဟီမိုဗစ်နေရာအတွက်ပင် ယူရို သန်း ၁၀၀ အထိ အသုံးပြုသွားနိုင်သည်ဟု ပီအက်စ်ဂျီ ဥက္ကဌ အလ်-ခေလိုင်ဖီက ပြောကြားလိုက်သည်။

ပြစ်သစ်လီဂူး လက်ရှိချန်ပီယံဖြစ်ပြီး ချန်ပီယံလိဂ်တွင် ၁၆ သင်းရှုံးထွက်အဆင့်ကို
တက်ရောက်သွားခဲ့သည့် ပီအက်စ်ဂျီအသင်းမှာ ပြီးခဲ့သည့်ရာသီက ငွေကြေးများစွာသုံးစွဲခဲ့ပြီး ဥရောပ ဘောလုံးအဖွဲ့ချုပ်၏ ဘဏ္ဍာရေးညီမျှမှု စည်းမျဉ်းကို ချိုးဖောက်ခဲ့သောကြောင့် ဒဏ်ကြေးနှင့် ချန်ပီယံလိဂ်လူစာရင်း လျော့ခဲ့ရသည့် ပြစ်ဒဏ်များကို ခံစားခဲ့ရသည်။

သို့သော်လည်း အလ်-ခေလိုင်ဖီကမူ မိမိတို့အသင်းမှ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကို ထပ်မံပြုလုပ်သွားမည်ဖြစ်ပြီး အီဗရာဟီမိုဗစ် အနားယူသွားပါက ၎င်း၏နေရာကိုလည်း ကမ္ဘာကျော် တိုက်စစ်မှူးတစ်ဦးဖြင့် အစားထိုးသွားရန် ယုံကြည်မှုရှိနေသည်။

`အီဗရာဟီမိုဗစ်ပြီးတဲ့နောက် ၂၀၁၆ ခုနှစ်မှာ ပီအက်စ်ဂျီအနေနဲ့ နောက်ထပ်တိုက်
တိုက်စစ်မှူးကောင်းတစ်ယောက် ရမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်းက ကလပ်အသင်းတွေကြား ယှဉ်ပြိုင်မှုကို ရပ်တန့်ဖို့ ရည်ရွယ်ပေမယ့် ကျွန်တော်တို့အတွက်ကတော့ အားသာချက်ဖြစ်ပါတယ်´ ဟု အလ်-ခေလိုင်ဖီက ဆိုသည်။

ခေလိုင်ဖီမှာ အီဗရာဟီမိုဗစ်နေရာကို ဖြည့်တင်းရန်အတွက် ယူရိုသန်း ၁၀၀အထိ သုံးစွဲရန် အလိုရှိနေပြီး၊ အသင်းရှိ ကစားသမားများ၏ လခကို လျှော့ချရန်လည်း အစီအစဉ်ရှိနေသည်။

Comments

Leave a Reply