ဒီဇင်ဘာ ၂၇၊ ၂၀၁၄
M-Media
– သမ္မတ ဗလာဒီမာပူတင်က လက်မှတ်ရေးထိုးခဲ့သည့် ရုရှား၏ စစ်ရေး သဘောထားတွင် နေတိုးအဖွဲ့၏ အင်အားချဲ့ထွင်လာမှုကို ပြည်ပအန္တရာယ်ဟု ရေးသားဖော်ပြထားကြောင်း သမ္မတရုံး ကရင်မလင်က ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ပြောကြားလိုက်သည်။
အဆိုပါသဘောထားမှာ ယူကရိန်းက နေတိုးအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ရန်အတွက် ခြေလှမ်းသစ်များ ထွက်ပေါ်လာခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။
၂၀၁၀ ခုနှစ်က ပူတင်ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့သော ရုရှား၏
စစ်ရေးသဘောထားတွင်လည်း နေတိုး၏ အင်အားချဲ့ထွင်မှုက ရုရှားနိုင်ငံ၏
ထိပ်တန်းအန္တရာယ်ဟု ဖော်ပြခဲ့သည်။ သို့သော်လည်း ရုရှားနှင့် နေတိုးအဖွဲ့တို့မှာ ပြီးခဲ့သည့် နှစ်အတွင်း သိသိသာသာ တင်းမာမှုများ ရှိခဲ့ကြသည်။
ယခုသီတင်းပတ်တွင်လည်း ရုရှားက နေတိုးမှာ ယူကရိန်းအား ရှေ့တန်းစစ်မျက်နှာအဖြစ် ပြောင်းလဲနေသည်ဟု ပြောကြားခဲ့ပြီး၊ ယူကရိန်းအနေဖြင့် နေတိုးအဖွဲ့နှင့် ဆက်သွယ်ရန် မျှော်လင့်ချက် အမှန်တကယ်ဖြစ်လာပါက ကျန်ရှိနေသည့် ဆက်သွယ်မှုများကို
ဖြတ်တောက်ပစ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။
နေတိုးအဖွဲ့ဝင် ဖြစ်လာရေးအတွက် မိမိတို့၏ ကြားနေ၀ါဒကို စွန့်လွှတ်ရန် ကိဗ်ပါလီမန်က အင်္ဂါနေ့တွင် ဆုံးဖြတ်ခဲ့ပြီး ထိုဆုံးဖြတ်ချက်က ရုရှားအား ဒေါသထွက်စေခဲ့ကာ ခရိုင်းမီးယားအား သိမ်းပိုက်ပြီးနောက်ပိုင်း ရုရှားနှင့် အနောက်နိုင်ငံတို့အကြား တင်းမာမှုများကိုလည်း ပိုမို
နက်ရှိုင်းလာစေခဲ့သည်။
Source : Reuters

Leave a Reply
You must be logged in to post a comment.