News @ M-Media

အီတလီဘောလုံးလောကတိုးတက်ရေး ဘောလုံးလူရမ်းကားများအား ထိန်းချုပ်ရန် လိုအပ်သည်ဟု ကာပယ်လိုဆို

ဒီဇင်ဘာ ၂၈၊ ၂၀၁၄
M-Media

10712834_817198971655908_3418502151373160589_n

– အီတလီရှိ ဘောလုံးလူရမ်းကားများမှာ အီတလီဘောလုံးလောက ဖွံ့ဖြိုးမှုအတွက် အဟန့်အတားဖြစ်နေပြီး ထိုကိစ္စအား ဖြေရှင်းရန် လိုအပ်သည်ဟု အင်္ဂလန်နည်းပြဟောင်း ကာပယ်လိုက ပြောကြားခဲ့သည်။

ယခင် အေစီမီလန်နှင့် ဂျူဗင်တပ်စ်အသင်းတို့၏ နည်းပြဟောင်းဖြစ်သူ ကာပယ်လိုက ယမန်နေ့က ဒူဘိုင်းတွင်ပြုလုပ်သည့် အားကစားညီလာခံတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အီတလီ ပြည်တွင်ဘောလုံးအဆင့်အတန်းနှင့် နိုင်ငံအသင်း၏ အဆင့်အတန်း ပြန်လည်ဦးမော့လာရန် မည်သည့်အရာ လိုအပ်သနည်းဟုလည်း မေးခွန်းထုတ်ခဲ့သည်။

`ပထမဆုံးကတော့ ကျွန်တော်တို့မှာ ငြိမ်းချမ်းတဲ့ ဘောလုံးကစားကွင်းတွေ ရှိနေရပါမယ်။ ကြမ်းတမ်းတဲ့ ပရိတ်သတ်တွေ၊ ဘောလုံးလူရမ်းကားတွေကို ကျွန်တော် ဆန့်ကျင်ပါတယ်။ သူတို့ ဘောလုံးအသင်းကို အားပေးချင်တာ မဟုတ်ပါဘူး။ အကြမ်းဖက်ချင်ရုံ သက်သက်ပါ။

တကယ့်လက်တွေ့မှာ မိသားစုပုံစံမျိုး လိုချင်ပါတယ်´ ဟု ကာပယ်လိုက ပြောကြားခဲ့သည်။ ပရိတ်သတ်များ သောင်းကျန်းမှုမှာ အီတလီဘောလုံးလောက၌ နှစ်စဉ် ကြုံတွေ့နေရသည့် ပြဿနာတစ်ခုဖြစ်ပြီး၊ လူမျိုးရေးခွဲခြားမှုများလည်းရှိကာ ဘာလော့တယ်လီနှင့် ကီဗင် ပရင့်စ် ဘိုအာတင်းတို့မှာ လူမျိုးရေးခွဲခြားမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ကြရသည်။

အီတလီနိုင်ငံသားဖြစ်သူ ကာပယ်လိုကမူ ကစားကွင်းတွင် အခြေအနေများ
တိုးတက်အောင်ပြုလုပ်ပြီးနောက် အီတလီဘောလုံးလောက တိုးတက်ရန်အတွက်
ဈေးကွက်ရှာဖွေခြင်း၊ နည်းစနစ်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အယူအဆအသစ်များကို ရှာဖွေခြင်းတို့ဖြစ်ကာ ရိုးသားသူများလည်း လိုအပ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

Ref : goal.com

Comments

Leave a Reply