News @ M-Media

FFP စနစ်က ရင်းနှီးမြှုပ်နှံသူများကို အဟန့်အတားဖြစ်စေသည်ဟု အေစီမီလန် အားကစားဒါရိုက်တာ ပြောကြား

ဒီဇင်ဘာ ၂၉၊ ၂၀၁၄
M-Media

10888714_818095584899580_1127220829721931463_n

– ယူအီးအက်ဖ်အေက သတ်မှတ်ထားသည့် ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်း FFP မှာ
ဘောလုံးကအတွင်းသို့ ရင်းနှီးမြှပ်နှံမှုအသစ်များ ၀င်ရောက်ခြင်းကို အတားအဆီးဖြစ်စေသည်ဟု အေစီမီလန်အသင်း၏ အားကစားဒါရိုက်တာ အမ်ဘာတို ဂန်ဒီနီက ပြောကြားလိုက်သည်။

ဒူဘိုင်းတွင် ပြုလုပ်ခဲ့သည့် နိုင်ငံတကာ အားကစားညီလာခံတွင် တို့ကဲ့သို့
ပြောကြားလိုက်ခြင်းဖြစ်ပြီး FFP စည်းမျဉ်က တည်ဆောက်ထားပြီးသော အသင်းများ၏ မူလအခြေအနေကို အရင်အတိုင်းရှိစေပြီး တူညီသော ပြိုင်ပွဲယှဉ်ပြိုင်မှု အခြေအနေကို မဖြစ်ပေါ်စေဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ဥရောပပြိုင်ပွဲများရှိ အသင်းများ၏ အကျိုးစီးပွားအတွက် ကိုယ်စားပြုဆောင်ရွက်ရန်
ဖွဲ့စည်းထားသည့် ဥရောပ ကလပ်အသင်းများအဖွဲ့ ECA တွင် ဂန်ဒီနီမှာ ဒုတိယ ဥက္ကဌဖြစ်ပြီး ထိုအဖွဲ့မှာ UEFA ၏ ညွှန်ကြားချက်အသစ်များကို အကောင်အထည်ဖော်ရေးဆုံးဖြတ်ချက်များ၌ အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်သည့် အဖွဲ့လည်း ဖြစ်သည်။

`ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်းဟာ ထိန်းချုပ်မှုအချို့နဲ့ ဥရောပမှာရှိတဲ့ ဘောလုံးအသင်းတွေရဲ့ အုပ်ချုပ်ရေးပိုင်းအတွက် အခြေခံတွေကိုလည်း ယူဆောင်လာပေးပါတယ်။ ဒါဟာ ဥရောပ ဘောလုံးလောကအတွက် ဆုံးရှုံးမှုအစုစုကို လျော့ချပေးပြီး အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ အခြားတစ်ဖက်မှာတော့ (ထိပ်တန်းအသင်းတွေက) အခြေကျသွားပြီး
ပြိုင်ပွဲမှာ ရင်းနှီးမြှုပ်နှံဖို့ စောင့်နေတဲ့သူတွေကိုတော့ FFP က တားဆီးထားပါတယ်´ ဟု ဂန်ဒီနီက ဆိုသည်။

ဥရောပဘောလုံးအဖွဲ့ချုပ်၏ ဘဏ္ဍာရေးစည်းမျဉ်းကြောင့် ယမန်နှစ်က
ပီအက်စ်ဂျီအသင်းအပါအ၀င် ဥရောပထိပ်သီးအသင်းအချို့မှာ ဒဏ်ငွေဆောင်ရခြင်း၊ ဥရောပပြိုင်ပွဲများတွင် လူစာရင်း ကန့်သတ်ခံရခြင်း၊ အပြောင်းအရွှေ့တွင် ကစားသမားဝယ်ယူခွင့် ပိတ်ပင်ခံရခြင်း စသည့် အရေးယူမှုများကို ခံခဲ့ရသည်။

Ref : goal.com

Comments

Leave a Reply