News @ M-Media

ပျောက်ဆုံး Air Asia လေယာဉ်၏ အပျက်အဆီးများနှင့် ခရီးသည်အလောင်းများ တွေ့ပြီ

ဒီဇင်ဘာ ၃၀၊ ၂၀၁၄
M-Media
10906314_818634334845705_210146338402055823_n
– တနင်္ဂနွေနေ့က ပျောက်ဆုံးသွားခဲ့တဲ့ Air Asia လေကြောင်းလိုင်းက လေယာဉ်အမှတ် QZ8501 ရဲ့ အပျက်အဆီး အစိတ်အပိုင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ရုပ်အလောင်း ၄၀ ကျော်ကိုလည်း ဆယ်ယူရရှိခဲ့တဲ့တယ်လို့ အင်ဒိုနီးရှား ကယ်ဆယ်ရေး တာဝန်ရှိ သူတွေက ပြောကြားလိုက်ပါတယ်။

အပျက်အစီးတွေကို ဒီကနေ့ နေ့ခင်းပိုင်းက ကလီမန်တန် ကမ်းရိုးတန်းနားက ရေပြင်မှာ မြောပါနေ တာကို တွေ့ခဲ့ရတာဖြစ်ပြီး နောက်ပိုင်း မှာတော့ ခရီးဆောင် အိတ်တွေ၊ သက်ကယ်အင်္ကျီတွေနဲ့ အလောင်းတွေကိုပါ တွေ့ ရှိခဲ့ရတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားလေတပ်ကတော့ ပင်လယ်ကြမ်းပြင်မှာ လေယာဉ်လို့ ယူဆရတဲ့ အရိပ်တစ်ခုကို တွေ့ရှိ ခဲ့ရပြီး ပျောက်ဆုံး သွားတဲ့လေယာဉ် ဖြစ်နိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှား စံတော်ချိန် ၇ နာရီ ၅ မိနစ်မှာတော့ ရှာဖွေမှုကို ရပ်ဆိုင်းခဲ့ပြီး မနက်ဖြန်မှ ဆက်လက်ရှာဖွေမှာဖြစ်ပါတယ်။

ခရီးသည်နဲ့ လေယာဉ်အမှုထမ်းနဲ့ ခရီးသည်စုစုပေါင်း ၁၆၂ ဦးတင်ဆောင်ပြီး ဂျာဗားကျွန်းကနေ စင်ကာပူကို တနင်္ဂနွေနေ့ နံနက်ပိုင်းက ပျံသန်းစဉ် အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်က Air Asia လေယာဉ်တစ်စင်းကတော့ ဒီနေ့ညနေပိုင်းမှာ လေယာဉ်ပြေးလမ်း ချော်သွားတဲ့အတွက်ကြောင့် ခရီးသည်တွေဟာ အရေးပေါ် အပေါက်ကိုသုံးပြီး အပြင်ထွက်ခဲ့ရပါတယ်။

Ref : channelnewsasia

Comments

Leave a Reply