ဇန်န၀ါရီ ၅၊ ၂၀၁၄
M-Media

– ရော်ဂျာနှင့်သာ ၁၀ နှစ်စော၍ တွေ့ဆုံခဲ့ပါက မိမိမှာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်လိမ့်မည်ဟု လီဗာပူးလ်အသင်းခေါင်းဆောင် စတီဗင်ဂျရတ်က ပြောကြားလိုက်သည်။
ယမန်နှစ် ဘောလုံးရာသီကမှ လီဗားပူးလ်သို့ စတင်ရောက်ရှိခဲ့သည့် ရော်ဂျာမှာ အသင်းအား အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ကာ ပရီးမီးယားလိဂ်ဖလား ရလုရခင်အထိ ဖြစ်ခဲ့သော်လည်း ရာသီကုန်ကာနီး ခြေချော်ခဲ့သောကြောင့် ဒုတိယနေရာဖြင့်သာ ရာသီသိမ်းနိုင်ခဲ့သည်။
လီဗာပူးလ်အသင်းနှင့် ဆယ်စုနှတစ်ခုကျော်ကြာ ကစားခဲ့သည့် ဂျရတ်မှာ အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား၊ FA ဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့ သော်လည်း ပရီးမီးယားလိဂ်ဖလားအား ကိုင်မြှောက်နိုင်ခြင်း မရှိခဲ့ချေ။
`ကျွန်တော့်အသက် ၂၄ လောက်မှာ ရော်ဂျာနဲ့ ဆုံခဲ့မယ်ဆိုရင်တော့ အခုအချိန်မှာ ကျွန်တော်တို့အတူ ယူခဲ့တဲ့ ဖလားတွေ အကြောင်း ပြောနေရမှာပါပဲ။ အမှန်တော့ ကျွန်တော့်အသက် ၃၂ မှ ရော်ဂျာက အသင်းကို ရောက်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ဒီလိုမဖြစ်တာ စိတ်မကောင်းစရာပါပဲ´ ဟု ဂျရတ်၏ ပြောကြားမှုကို လီဗာပူးလ်အသင်း ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဂျရတ်မှာ ယခုနှစ်ရာသီအကုန်တွင် အသင်းမှ ထွက်ခွာတော့မည်ဟု မကြာသေးမီ ရက်ပိုင်းအတွင်းကပင် ကြေညာခဲ့သည်။ အသင်း၏ လက်ရှိပြဿနာများက အသင်းမှ ထွက်ခွာရန် တွန်းအားပေးခဲ့ခြင်း မဟုတ်ကြောင်း၊ သို့သော်လည်း ယခုနှစ်ရာသီ အသင်း၌ပါဝင်မှု ကန့်သတ်ခံရမှုများကြောင့် ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Ref : goal.com

Leave a Reply
You must be logged in to post a comment.