ဇန်န၀ါရီ ၄၊ ၂၀၁၄
M-Media
သတင်း-ဓါတ်ပုံ- မိုးစက်
အစ္စလာမ်ဘာသာဝင်တို့ ၏ ဟစ်ဂျရီ ခုနှစ် ရဗီအွလ်အောင်ဝလ်လ ၁၂ ရက်နေ့ ဇန္နဝါရီ(၄) ရက်နေ့တွင် ကျရောက်သော တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုအပေါင်း သက်ရောက်ပါစေ) ဖွားမြင်တော်မူခြင်း အထိမ်းအမှတ် ၁၄၈၉ ကြိမ်မြောက် မဟာတမန်တော်နေ့ အခမ်းအနားကို ရန်ကုန်မြို့ မြေနီကုန်း ရှန်းကုန်းလမ်းတွင် ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
၁၄၈၉ကြိမ်မြောက် မဟာတမန်တော်နေ့ အထိမ်းအမှတ်အဖြစ် ဓမ္မနှင့် ငြိမ်းချမ်းရေး ခေါင်းစဉ်ဖြင့် ဘာသာပေါင်းစုံ ဆရာတော်များ ပါဝင်သော တရားပွဲ တစ်ရပ်ကိုလည်း ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၇ နာရီမှ ည ၁၀ နာရီ ကျော်အထိ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရှမ်းကုန်းလမ်း ရှိ ကူဝသုလ် အစ္စလာမ် ရာသစ်ဗ် အဖွဲ့ ရုံးခန်းရှေ့ပရဝုဏ် အတွင်း ကျင်းပမည်ကြောင်း သတင်းရရှိပါသည်။
Leave a Reply
You must be logged in to post a comment.