ဇန်န၀ါရီ ၅၊ ၂၀၁၅
M-Media
– ၇ နှစ်ကြာ ခွဲခွာခဲ့ပြီးနောက် အိမ်ပြန်ရောက်လာသည့် တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်အား အက်သလက်တီကိုမက်ဒရစ် ပရိတ်သတ် ၄၀၀၀၀ ကျော်က ကွင်းလုံးပြည့် သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်ဟု သိရသည်။
အေစီမီလန်အသင်းအတွက် ၁၄ ပွဲကစားကာ ၁ ဂိုးသာ သွင်းယူပေးနိုင်ခဲ့သည့် တောရက်စ်မှာ အက်သလက်တီကိုမက်ဒရစ်သို့ ၆ လအငှားစာချုပ်ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး၊ ယနေ့တွင် တရားဝင် စာချုပ်ချုပ်ဆိုခဲ့ကာ နံပါတ် ၁၉ အင်္ကျီကို ၀တ်ဆင်ကစားမည် ဖြစ်သည်။
`အိမ်ပြန်လာရတာ တော်တော့်ကို ကောင်းပါတယ်။ ဒီအချိန်အတွက် ကျွန်တော် အကြာကြီး စောင့်နေခဲ့ရ တာပါ။ နောက်ဆုံးတော့ ရောက်လာ ခဲ့ပါပြီ။ ကျွန်တော့်အတွက်တော့ ထူးခြားတဲ့ နေ့ပါပဲ။ တစ်နေ့မှာတော့ ကျွန်တော့်ကို ဘာလို့ ဒီလိုဆက်ဆံတယ်ဆိုတာ ခင်ဗျားတို့ ရှင်းပြဖို့ လိုပါလိမ့်မယ်´ ဟု တောရက်စ်က ပရိတ်သတ်များအား ပြောကြားခဲ့သည်။
ထို့ပြင် အသင်းမှာ မိမိထွက်ခွာသွားပြီးနောက် ပြောင်းလဲသွားကြောင်း၊ မိမိအနေဖြင့် အသင်းဆီသို့ ပြန်လည်ရောက်ရှိခြင်းမှာ နည်းပြ ဆီမြွန်နီက အကြောင်းအရင်းတစ်ရပ် ဖြစ်ကြောင်း တောရက်စ်က ထပ်လောင်းပြောကြားခဲ့သည်။
ထို့နောက်တောရက်စ်မှာ ဘောလုံးစွမ်းရည်ပြသခြင်း၊ ပရိတ်သတ်များအား အမှတ်တရ လက်မှတ်များ ရေးထိုးပေးခြင်း၊ ဓာတ်ပုံတွဲရိုက်ခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့သည်။
အက်သလက်တီကိုမှာ တောရက်စ် ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းက ကစားလာခဲ့သော ကလပ်အသင်းဖြစ်ပြီး၊ အက်သလက်တီကိုဖြင့်ပင် နာမည်ကျော်တိုက်စစ်မှူး ဖြစ်ခဲ့သူ ဖြစ်သည်။
Ref : dailymail
Leave a Reply
You must be logged in to post a comment.