News @ M-Media

ပဲရစ်ပစ်ခတ်မှု ပထမဆုံး အသက်ပေးခဲ့ရသည့် ရဲအရာရှိ တစ်ဦးမှာ အစ္စလာမ် ဘာသာဝင်ဖြစ်

ဇန်န၀ါရီ ၈၊ ၂၀၁၅
M-Media
10392375_824993524209786_3356147640951046757_n
– မနေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ Charlie Hebdo မဂ္ဂဇင်းတိုက် သေနတ်ပစ်ခံရမှုမှာ ရိုင်ဖယ် ကိုင်ထားတဲ့ သေနတ် သမားက ရဲအရာရှိတစ်ဦးကို အနီးကပ်ပစ်သတ်နေတဲ့ ဓာတ်ပုံက ကမ္ဘာတစ်ဝှမ်းလုံးကို တုန်လှုပ် ခြောက်ခြားစေခဲ့ပါတယ်။

အပြစ်မဲ့အသက်တွေကို ကာကွယ်ဖို့ ကြိုးစားရင်း အားမတန်လို့ မာန်လျော့ခဲ့ရပြီး အသက်ပါ ပေးခဲ့ရတဲ့ ဒီရဲအရာရှိဟာ အစ္စလာမ်ဘာသာဝင် မွတ်စလင်တစ်ယောက် ဖြစ်နေပါတယ်။
10898152_825000180875787_9212235027536781643_n
အသက် ၄၂ နှစ်အရွယ်ရှိတဲ့ အဟ်မဒ်မီရာဘက်ဟာ ဒီမဂ္ဂဇင်း တိုက်ဝန်းကျင်မှာ ပတ္တယောင် ကင်းကျသူ တစ်ယောက်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း သေနတ်သမား တွေ လာတဲ့အခါမှာတော့ တားဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သေနတ်သမားတွေက သူ့ကို ပထမအကြိမ် ပစ်ခဲ့ရာမှာ မီရာဘတ်ဟာ မဂ္ဂဇင်းတိုက်ရှေ့ လျှောက်လမ်းပေါ်မှာ လဲကျ ခဲ့ပြီး၊ ဒုတိယအကြိမ်မှာတော့ သေနတ်သမားတွေက အနီးကပ် ပစ်သတ်ခဲ့ပါတယ်။ မီရာဘတ်ဟာ ဒီတိုက်ခိုက်မှုအတွင်းမှာ ပထမဆုံး အသက်ပေးခဲ့ရသူ ဖြစ်ပါတယ်။

အဲဒီပစ်ခတ်မှုအတွင်းမှာ နောက် ရဲအရာရှိတစ်ဦး အပါအ၀င် ကာတွန်းဆရာနဲ့ ဂျာနယ်လစ် ၁၀ ဦး စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့ရပါတယ်။

လက်ရှိအချိန်မှာ ပြင်သစ်ရဲတပ်ဖွဲ့က သံသယရှိသူနှစ်ဦးရဲ့ ဓာတ်ပုံကို ထုတ်ပြန်ထားပြီး အပူတပြင်း ရှာဖွေမှုတွေလည်း ပြုလုပ်နေ ပါတယ်။

Charlie Hebdo မဂ္ဂဇင်းတိုက်ဟာ အစ္စလာမ်သာသနာ၊ တမန်တော်မိုဟာမက် အပါအ၀င် အခြားဘာသာနဲ့ ဘာသာရေးခေါင်းဆောင်တွေ ကို လှောင်ပြောင်သရော်တဲ့ ကာတွန်းတွေ မကြာခဏ ဖော်ပြလေ့ရှိတဲ့ မဂ္ဂဇင်းတစ်စောင်လည်း ဖြစ်ပါတယ်။

ပြင်သစ် Muslim Public Affairs Council ရဲ့ Facebook စာမျက်နှာမှာတော့ မီရာဘတ် သေဆုံးမှုကို ထောက်ပြခဲ့ပြီး အကြမ်းဖက်သမား ဆိုတာ သူတို့ရဲ့လိုဘ အတွက် မည်သူ့ကိုမှ ခွဲခြားတာမျိုး မရှိဘူးလို့ သတိပေးရေးသားခဲ့ပါတယ်။

Ref : RT

ပုံ ၁- မီရာဘတ်ကို သေနတ်သမားက ပစ်ခတ်နေပုံ
ပုံ၂- ပဲရစ်တိုက်ခိုက်မှုအတွင်း ပထမဆုံး အသက်ပေးခဲ့ရသည့် မီရာဘတ်

Comments

Leave a Reply