News @ M-Media

မန်ယူသို့ရောက်လာခြင်းမှာ ဒီဂီယာအား ကူညီရန်သာဖြစ်သည်ဟု ဂိုးသမားသစ် ဗားလ်ဒက်စ်ဆို

ဇန်န၀ါရီ ၉၊ ၂၀၁၅

M-Media

vld

– မိမိအနေဖြင့် မန်ယူအသင်းသို့ ရောက်ရှိလာခြင်းမှာ ဒေးဗစ်ဂီယာအား ကူညီပေးရန်အတွက်သာ ဖြစ်သည်ဟု ဂိုးသမားသစ် ဗစ်တာဗားလ်ဒက်စ်က ပြောကြားလိုက်သည်။

ဘာစီလိုနာအသင်း၏ ဂိုးသမားဟောင်းဖြစ်သူ ဗားလ်ဒက်စ်အား ယမန်နေ့က ၁၈ လစာချုပ် ချုပ်ဆိုခဲ့သည်ဟု မန်ယူအသင်းက အတည်ပြုခဲ့သည်။ ထို့ကြောင့် မန်ယူတွင် ပုံစံကောင်းများ ပြသနေသည့် နံပါတ် ၁ ဂိုးသမား ဒီဂီယာမှာ အသင်းမှ ထွက်ခွာရတော့မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း ဗားလ်ဒက်စ်က မိမိမှာ ဒေးဗစ်ဒီဂီယာ၏ နေရာအား ခြိမ်းခြောက်ရန်မဟုတ်ဘဲ ၎င်းအား ကူညီရန်သာဖြစ်သည်ဟု ပြောကြားခဲ့သည်။

`အခုလောလောဆယ်မှာတော့ ဒီဂီယာဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတစ်ယောက်ပါပဲ။ နေ့တိုင်း၊ ပွဲတိုင်းမှာ ပြသတဲ့ သူ့စွမ်းဆောင်ရည်ဟာ သူ့ရဲ့အဆင့် မြင့်မားတယ်ဆိုတာ ပြသနေတာပါပဲ။ ပြီးခဲ့တဲ့နှစ်ကလည်း သူဟာ ကောင်းမွန်ခဲ့ပြီး အခုအချိန်မှာလည်း သူဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမား ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ဒီရောက်လာတာဟာ အားလုံးကို ကူညီဖို့ပါ´ ဟု ဗားလ်ဒက်စ်က ပြောကြားခဲ့သည်။

ထို့ပြင် မိမိမှာ အသင်း၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ချင်ကြောင်း၊ ပွဲကစားသည့်အခါ အကောင်းဆုံးကစားရန်၊ အသင်းဖော်များအား ကူညီရန်နှင့် အသင်းအနိုင်ရရှိရန်သာ စဉ်းစားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Ref: goal.com

Comments

Leave a Reply