ဇန်နဝါရီ ၃၁၊ ၂၀၁၄
M-Media
မိုးစက်
ရန်ကုန်။ ။ မြိတ်မြို့တွင် တိုင်းရင်းဆေးရုံဆောက်ရန် ဆိုပြီး အဖျက်ခံနေရသော မွတ်စလင် သုဿန် မှာ လွန်ခဲ့သော နှစ်ပေါင်း များစွာက မြိတ်မြို့မှ အီအာမတ် (ခ) ဘဲရွှေမြမှ လှူဒါန်းထားသောမြေဖြစ်ကြောင်း သိရပါတယ်။
သက်ဆိုင်ရာမှ ပုဂ္ဂိုလ်များက အခု အစိုးရ အဆက်ဆက်က ချပေးခဲ့တဲ့မြေဆိုပြီး လာဖျက်သိမ်းကြတာဖြစ်ပြီး အီအာမတ် (ခ) ဘဲရွှေမြ၏ ဆွေမျိုးများထံတွင် ပိုင်ဆိုင်မှုတွေ အထောက်အထားအပြည့်၊ စာချုပ်၊ ဦးပိုင်အမှတ်၊ ဂရမ်အားလုံးရှိပါကြေင်း အီအာမတ် (ခ) ဘဲရွှေမြ၏ ဆွေးမျိုးများက ပြောပါတယ်။
ယင်းမြေအား ဖျက်သိမ်းမှု မပြုလုပ်ရန် အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းများဖြစ်သော တနသာင်္ရီတိုင်း အိုလမာ အစ္စလာမ့် သာသာနာရှင်များ အဖွဲ့နှင့် တနသာင်္ရီတိုင်း အစ္စလာမ် သာသာရေးရာကောင်စီတို့မှ တနသာင်္ရီတိုင်း ဝန်ကြီးချုပ်နှင့်တွေ့ရန် တောင်းဆို ခဲ့သော်လည်း ဝန်ကြီးချုပ်မှာ အတွေ့မခံခဲ့ကြောင်း သိရှိရပါတယ်။
“ဘူရိုဇာနဲ့ လာထိုးနေတော့ ကျွန်တော်တို့တွေလည်း ဝိုင်းတားကြတော့ လာဖျက်တဲ့သူတွေက ဗလီကိုတော့ မဖျက်ဘူးဆိုပြီး ပေ ၁၆၀ လောက်ချန်ပေးခဲ့တယ်။ အဲဒါကလည်း စာရွက်စာတမ်းနဲ့ မဟုတ်ဘူး။ ပါးစပ်ပေးပဲ ပေးသွားတယ်။ ဘာမှသေချာမှု မရှိပါဘူး” ဟု မြိတ်မြို့မှ အစ္စလာမ်ဘာသာဝင် တစ်ဦးကဆိုပါတယ်။
မြိတ်မြို့မှ ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်သူကလည်း “ဒီမြေက ဟိုးအရင်ကတည်းက သူဌေးကြီး ဘဲရွှေမြလှူခဲ့တယ်ဆိုတာ မြို့ကလူတွေတော်တော်များများသိကြပါတယ်။ အခုတော့အစိုးရကသိမ်းနေပြီ။ မြေကို ဗလီအတွက် ပေ ၁၆၀ လောက်ချန်ပေးခဲ့တယ်။ အဲ့ချန်ထားခဲ့တဲ့မြေကို အစ္စလာမ်ဘာသာဝင်တွေက ခြံစည်းရိုးကာမယ်လုပ်တော့လည်း သူတို့တွေကပေးမကာပြန်ဘူး။ ဒီတိုင်းပဲထားရမယ်တဲ့”ဟု ၎င်းတွေ့မြင်ခဲ့ရသည်များကို ပြောပါတယ်။
ယင်းမြေနေရာကို ၁၉၂၇ ခုနှစ်တွင် အီအာမတ် (ခ) ဘဲရွှေမြေမှဝယ်ယူခဲ့ပြီး ၁၉၃၀ ကျော်တွင် ဗလီဝတ်ကျောင်းတော်ဆောက်လုပ်ရန်နှင့် မွတ်စလင်သုသာန် ပြုလုပ်ရန် အတွက် ယင်းပိုင်ဆိုင်သည့်မြေအား လှူဒါန်းခဲ့ကြောင်း အီအာမတ် (ခ) ဘဲရွှေမြ နီးစပ်ရာဆွေးမျိုးများ ထံမှ စုံစမ်းသိရှိရပါတယ်။
Leave a Reply
You must be logged in to post a comment.