News @ M-Media

စက်ရုပ် ဝန်ထမ်းတွေနဲ့ ဟိုတယ်

ဖေဖော်ဝါရီ ၁၂ ၊ ၂၀၁၅
M-Media

Henn-na_Hotel__10_.0.0

ဂျပန်နိုင်ငံ နာကာဆာကီမှာ ဖွင့်လှစ်မယ့် ဟိုတယ်အသစ်တစ်ခု ဖြစ်တဲ့ Henn-na Hotel မှာ လူသားပုံစံ စက်ရုပ်ဝန်ထမ်းတွေကပဲ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။

ဧည့်ကြို၊ ပစ္စည်းသယ်သူ၊ အခန်းသန့်ရှင်းသူ၊ စတဲ့ ဝန်ထမ်းတွေအားလုံးဟာ ဂျန်ပန်အမျိုးသမီးရုပ်ရည်မျိုးရှိတဲ့ စက်ရုပ်တွေ ဖြစ်ပါတယ်။

ဒီစက်ရုပ်တွေဟာ လူသားဆန်တဲ့ လှုပ်ရှားမှုအပြင် အသက်ရှုတာ မျက်တောင်ခတ်တာမျိုးလည်း လုပ်ပါသေးတယ်။

ဘာသာစကား ၅မျိုးလောက် နားလည် ပြောဆိုနိုင်တဲ့အပြင် ကိုယ်နှုတ်အမူအရာတွေကိုလည်း နားလည်တုန့်ပြန်နိုင်ပါတယ်။

ဟိုတယ်မှာ စက်ရုပ်ဝန်ထမ်းတွေအပြည် တခြား အဆင့်မြင့် နည်းပညာတွေလည်း သုံးထားပါသေးတယ်။

အခန်းတံခါးကို ကဒ်/သော့ အစား မျက်နှာသိရှိပြီး ဖွင့်ပေးတဲ့စနစ်၊ အခန်းတွင်းအပူချိန်ကို ခန္ဓာကိုယ် အပူချိန်အလိုက် ထန်းညှိပေးတဲ့စနစ်၊ ဟိုတယ်ဝန်ထမ်းကို tabletကနေ လှမ်းခေါ်နိုင်တဲ့ စံနစ်တွေ ရှိပါတယ်။

စက်ရုပ်တွေကို Kokoroကုမ္ပဏီက တည်ဆောက်ပေးတာ ဖြစ်ပါတယ်။

ဒီဟိုတယ်ကိုတော့ ဇူလိုင်လမှာ ဖွင့်လှစ်ဖို့ ရည်ရွယ်ထားပြီး အခန်းခဈေးနှုန်းတွေက အနည်းဆုံး ဒေါ်လာ ၆၀ ကအစပြုသတ်မှတ်ထားတယ်လို့ သိရပါတယ်။

daythanix တင်ဆက်သည်။

Comments

Leave a Reply