News @ M-Media

ယမန်နှစ် ချန်ပီယံလိဂ်ဖလားက မိမိ၏ အကြီးအကျယ်ဆုံး အချိန်များထဲမှ တစ်ခုဖြစ်သည်ဟု ရော်နယ်ဒိုဆို

ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅
M-Media

ronaldo

– ယမန်နှစ်က ရီးယဲလ်အသင်းနှင့် ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ်ဆွတ်ခူးခဲ့သည့်အချိန်မှာ မိမိ၏ ကစားသမားဘဝ
သက်တမ်းတစ်လျှောက် အကြီးအကျယ်ဆုံး အချိန်များထဲမှ တစ်ခုဖြစ်သည်ဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက
ပြောကြားလိုက်သည်။

အချိန်ပိုအထိကစားပြီး ရီးယဲလ်က ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အဆိုပါပွဲတွင် ရော်နယ်ဒိုမှာ ပင်နယ်တီမှတစ်ဆင့်
တစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ထို့ပြင် ထိုပွဲမှာ ရော်နယ်ဒို ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ စတင်ခဲ့သည့် စပို့တင်းလစ္စဘွန်းအသင်း အခြေစိုက်ရာ လစ္စဘွန်းမြို့တွင် ကစားခဲ့ခြင်းကြောင့် ရော်နယ်ဒိုအတွက် အမှတ်တရလည်း ဖြစ်ခဲ့သည်။

“လစ္စဘွန်းက အလင်းရောင်ကွင်းမှာ ချန်ပီယံလိဂ်ကို ရရှိခဲ့တာဟာ ကျွန်တော့်ရဲ့ ကစားသမားဘ၀မှာ အလှပဆုံးနဲ့ အရေးပါဆုံး
အချိန်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်” ဟု The Game သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ထို့ပြင် ပေါ်တူဂီအားကစားသမိုင်း၏ ပြီးခဲ့သည့် နှစ် ၃၀ ဆယ်အတွင်း အကောင်ဆုံး အားကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်ဟုလည်း ၎င်းက ပြောကြားခဲ့ပြီး အဆိုပါဆုက မိမိအတွက် အလွန်ပင် အဓိပ္ပါယ်ရှိသည်ဟုလည်း ဆိုသည်။

“အဲဒါဟာ ဂုဏ်ယူစရာပါပဲ။ ကျွန်တော်တို့နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်းမှာ လက်ဖျားခါလောက်တဲ့ ကစားသမားအချို့ကို
မွေးထုတ်နိုင်ခဲ့ပါတယ်”

Ref: goal.com

Comments

Leave a Reply