ဖေဖော်ဝါရီ ၂၈၊ ၂၀၁၅
M-Media
– မိမိတို့အသင်းမှာ တစ်ရာသီ ဂိုး ၂၀ ခန့်သွင်းသည့် တိုက်စစ်မှူး ပျောက်ဆုံးနေသည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။
မန်ယူမှာ လက်ရှိအချိန်တွင် ထိပ်ဆုံးမှချယ်ဆီးနှင့် ၁၃ မှတ်ကွာဟကာ တတိယနေရာ၌ ရှိနေပြီး လာမည့်နှစ် ချန်ပီယံလိဂ် တစ်နေရာအတွက် ခက်ခဲမှုများနှင့် ရင်ဆိုင်နေရသည်။ ထို့ပြင် ဗန်ပါစီ၊ ဖယ်လ်ကာအိုနှင့် ရူနီတို့ကဲ့သို့ ထိပ်တန်းတိုက်စစ်မှူးများ ရှိနေသော်လည်း တိုက်စစ်ပိုင်းက ဂိုးများ လိုသလောက် မရပေ။
ဗန်ပါစီမှာ ယခုနှစ်တွင် ၁၀ ဂိုးသာ သွင်းထားနိုင်ပြီး ဒဏ်ရာများနှင့် ရုန်းကန်နေရကာ ရူနီကလည်း အလန်တန်းတွင် ဆင်းကစားနေရသည်။ ထို့ပြင် ဖယ်လ်ကာအိုကလည်း အသင်းနှင့် အထိုင်မကျသေးပေ။
“ဗန်ပါစီကလည်း မရဘူး၊ ဖယ်လ်ကာအိုကလည်း မရဘူး။ ရူနီကလည်း ရှေ့တန်းမှာ မကစားတော့ဘူး။ အခုအချိန် ကျွန်တော်တို့မှာ တစ်ရာသီမှာ ဂိုး ၂၀ လောက်သွင်းမယ့် ကစားသမားမျိုး မရှိပါဘူး” ဟု ဗန်ဂါလ်းက သတင်းထောက်များအား ပြောကြာဲး့သည်။
အသင်းအား ရလဒ်ကောင်းအောင် မဆောင်ရွက်နိုင်သောကြောင့် ဗန်ဂါလ်းမှာ မကြာသေးမီ သီတင်းပတ်များအတွင်း ဝေဖန်မှုများ ခံနေရပြီး ၎င်းကမူ ကစားသမားများ၏ အပြစ်လည်းပါသည်ဟု ဆိုသည်။
“ကစားသမားတွေက ကောင်းကောင်းမစွမ်းဆောင်နိုင်တဲ့အခါ အမြဲတမ်း နည်းပြရဲ့ အပြစ် မဟုတ်ပါဘူး။ ဒီမာရီယာတစ်ယောက်တည်း ရုန်းကန်နေရတာမဟုတ်ပါဘူး၊ ကစားသမား အားလုံးပါပဲ”
Ref: Goal.com
Leave a Reply
You must be logged in to post a comment.