ဖေဖော်ဝါရီ ၂၈၊ ၂၀၁၅
M-Media
– အစ္စရေးက မတရားသိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်ရှိ ဂရိအော်သိုဒေါ့စ် ခရစ်ယာန်ဘုရားကျောင်းတစ်လုံးကို ဂျူးအစွန်းရောက်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။
ဂျေရုစလင်မြို့ဟောင်း နံရံအပြင်ဘက်ရှိ အဆိုပါ ဘုရားကျောင်းကို ယမန်နေ့ နံနက် အရုဏ်မတက်မီက မီးရှို့ခံခဲ့ရခြင်းဖြစ်ပြီး နံရံတွင်လည်း ယေရှုခရစ်တော်အား စော်ကားသည့် ဂရပ်ဖစ်တီကိုလည်း ရေးဆွဲခဲ့သည်ဟု ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး လူဘာဆမ်ရီက ပြောကြားခဲ့ပြီး ဂျူးအမျိုးသားရေးဝါဒီများ၏ လက်ချက်ဖြစ်သည်ဟု ဆိုသည်။
“ခန့်မှန်းချေ ၄ နာရီခွဲလောက်မှာ မျက်နှာကိုအ၀တ်စီးထားတဲ့ လူနှစ်ယောက်ဟာ ဘုရားကျောင်းအရှေ့ဘက် သုဿာန်နဲ့ ကက်သလစ်ဘုရားကျောင်းအနီးမှာ ပုန်းနေပါတယ်။ အဲဒီကနေ သူတို့က ဘုရားကျောင်းရဲ့ ရေးချိုးခန်းထဲကို လောင်စေတဲ့အအရည်တွေ ပစ်ထည့်ခဲ့ပါတယ်” ဟု အဆိုပါဘုရားကျောင်းမှ အောသိုဒေါ့စ် ဘုန်းတော်ကြီး အရစ်စတာကော့စ်က ပြောကြားခဲ့သည်။
အဆိုပါဘုရားကျောင်းတွင် လူများနေထိုင်သော်လည်း မီးလောင်မှုကြောင့် ပျက်ဆီးမှုများသာ ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးခဲ့ခြင်း မရှိချေ။
ဗုဒ္ဓဟူးနေ့ကလည်း အနောက်ဘက်ကမ်းခြေ ဘက်သလီဟမ်အနီး ရွာတစ်ရွာရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ ထိုကဲ့သို့ မီးရှို့ခံခဲ့ရသည်။ ဂျူးအစွန်းရောက်များမှာ “ငါတို့ ဇီယွန်ဝါဒကို အဖတ်ဆယ်မည်” ဟူသည့် ဂရပ်ဖစ်တီကိုလည်း ရေးဆွဲခဲ့သည်။
Ref:onislam


Leave a Reply
You must be logged in to post a comment.