မတ် ၉၊ ၂၀၁၅
M-Media
– ဖမ်းဆီးထားသည့် ဓားစားခံများကို သတ်ဖြတ်သည့် IS ၏ ဗီဒီယိုများတွင် ပါဝင်သရုပ်ဆောင်သည့် မျက်နှာဖုံးအနက်ဝတ် ဂျီဟာဒီ ဂျွန်က မိမိအနေဖြင့် အရှက်ရအောင် လုပ်ခဲ့မိသည့်အတွက် မိဘများအား တောင်းပန်လိုက်သည်ဟု သိရသည်။
၎င်းမှာ ကူဝိတ်နွယ်ဖွားဖြစ်ပြီး ဗြိတိန်တွင်နေထိုင်သည့် ကွန်ပျူတာသိပ္ပံဘွဲ့ရ မိုဟာမက် အမ်ဝါဇီဆိုသူ ဖြစ်သည်ဟု ပညာရှင်များနှင့် မီဒီယာများက ဖေဖော်ဝါရီ နှောင်းပိုင်းတွင် ဖော်ပြခဲ့ကြသည်။
ထိုကဲ့သို့ ဖော်ပြခဲ့မှုအတွက် အင်္ဂလန်တွင်ရှိနေသည့် အမ်ဝါဇီ၏ မိဘများနှင့် မိသားစုများမှာ ဒုက္ခရောက်ခဲ့ကြပြီး ၎င်းကမူ ထိုကဲ့သို့ အရှက်ရမှုနှင့် ဒုက္ခရောက်မှုများအတွက် မိသားစုနှင့် သားချင်းများကို ဆီးရီးယားမှနေ၍ တတိယလူတစ်ဦးဖြင့် တောင်းပန်ခဲ့သည်ဟု Sunday Times သတင်းဌာနက ယမန်နေ့တွင် ဖော်ပြခဲ့သည်။
သို့သော်လည်း အသက် ၂၆ နှစ်အရွယ်ရှိ အမ်ဝါဇီမှာ ဓားစားခံ ၅ ယောက်ထက်မနည်း သတ်ဖြတ်ခဲ့မှုအတွက် သံဝေဂရမှုကို ပြသခဲ့ခြင်းမရှိချေ။ ဂျီဟာဒီဂျွန်မှာ အမ်ဝါဇီဟု ထုတ်ဖော်နိုင်ခဲ့ပြီးနောက် ၎င်း၏ မိသားစုများမှာ ပေါ်ပေါ်ထင်ထင်မနေရဲဘဲ ပုန်းအောင်းနေရသည်။
Ref: Alarabiya


Leave a Reply
You must be logged in to post a comment.