မတ် ၂၅၊ ၂၀၁၅
M-Media
– တရုတ်လေကြောင်းကုမ္ပဏီ Chengdu Aircraft Industry နှင့် ပါကစ္စတန်တို့ ပူးတွဲထုတ်လုပ်သည့် JF-17 Thunder စွယ်စုံသုံး တိုက်လေယာဉ်ကို ၀ယ်ယူရန် မြန်မာနိုင်ငံနှင့် ပါကစ္စတန်တို့ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းရင်းမြစ်ကို ကိုးကား၍ ပါကစ္စတန် Capital တီဗီမှ မတ်လ ၁၈ ရက်နေ့တွင် ဖော်ပြခဲ့သည်။
အဆိုပါလေယာဉ်မှာ F 16 နှင့် ဥရောပမှ တိုက်လေယာဉ်များကဲ့သို့ အဆင့်ရှိပြီး ထိုလေယာဉ်များထက် ဈေးနှုန်း ပို၍ ချိုသာသောကြောင့် နိုက်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ တာဂျစ်ကစ္စတန်နှင့် မြန်မာတို့က ၀ယ်ယူရန် အလွန်အမင်း စိတ်ဝင်စားခဲ့သည်ဟု ထည့်သွင်းဖော်ပြခဲ့သည်။ မြန်မာ့တိုင်မ်းစ်၏ အဆိုအရ မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်ကတည်းက ၀ယ်ယူရန် စိတ်ဝင်စားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထို့ပြင် တရုတ်နှင့် ပါကစ္စတန်တို့၏ အကူအညီဖြင့် မြန်မာနိုင်ငံမှာ တိုက်လေယာဉ်များကို ကိုယ်တိုင် ထုတ်လုပ်ချင်သည့် ဆန္ဒလည်း ရှိနေသည်။ ယခင်က တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံမှာ J-7 တိုက်လေယာဉ်နှင့် Q-5 တိုက်ခိုက်ရေး လေယာဉ်များ ထုတ်လုပ်မှုတွင် အတွေ့အကြုံ ရှိပြီးဖြစ်သည်။
စွယ်စုံသုံး JF-17 Thunder လေယာဉ်ကို ၀ယ်ယူရန်နှင့်ပတ်သက်၍ မြန်မာအာဏာပိုင်များက တရားဝင် အတည်ပြုခြင်း မရှိသေးပေ။ ပါကစ္စတန်မှာ ၎င်းတို့ထုတ်လုပ်သော တိုက်လေယာဉ်များကို ပြည်ပဈေးကွက်၌ ရောင်းချရန် အင်တိုက်အားတိုက် ဆောင်ရွက်နေသော်လည်း အထက်တွင် ဖော်ပြခဲ့သည့် နိုင်ငံများကမူ ၀ယ်ယူရန် ဆုံးဖြတ်ချတ် မချရသေးပေ။
Ref: Wantchinatimes


Leave a Reply
You must be logged in to post a comment.