ဧပြီ ၁၊ ၂၀၁၅
M-Media
– ဗြိတိန်တင်းနစ်အကျော်အမော်ဖြစ်သူ အန်ဒီမာရေးမှာ ၎င်း၏ ကစားသမား သက်တမ်းတစ်လျှောက် နိုင်ပွဲ ၅၀၀
ပြည့်မြောက်သွားပြီဟု သိရသည်။
မိုင်ယာမီအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် တောင်အာဖရိကမှ ကီဗင်အန်ဒါဆန်ကို ၆-၄၊ ၃-၆၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ပြီးနောက်
မာရေးမှာ နိုင်ပွဲ ၅၀၀ ပြည့်သွားခဲ့ခြင်းဖြစ်ပြီး ထိုပွဲအနိုင်ကြောင့် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်သည်။
၁၉၆၈ ခုနှစ် တင်းနစ်လောကထဲသို့ စတင်ဝင်ရောက်လာသည့်အချိန်မှစ၍ ကစားခဲ့သော အပျော်တမ်းပွဲများနှင့်
ပရော်ဖက်ရှင်နယ်ပွဲများကို စုပေါင်းရေတွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ပွဲ ၅၀၀ ပြည့်ခဲ့သည့် မာရေးအား အစိမ်းရောင် ကိတ်ကြီးဖြင့်
ဂုဏ်ပြုခဲ့ကြသည်။
လက်ရှိကစားနေသည့် တင်းနစ်ကစားသမားများတွင် နိုင်ပွဲ ၅၀၀ ပြည့်သည့် ကစားသမားမှာ ၉ ဦးသာရှိပြီး မာရေးမှာ
တင်းနစ်သမိုင်းတစ်လျှောက် နိုင်ပွဲ ၅၀၀ ပြည့်ခဲ့သည့် ၄၂ ဦးမြောက် ကစားသမားလည်း ဖြစ်လာခဲ့သည်။
“သိပ် အံ့သြစရာကောင်းတဲ့ ခံစားမှုမျိုးပါပဲ။ ဒီရက်တွေမှာ အနိုင်ကစားရတာ သိပ်ခက်ခဲပါတယ်။ ကျေနပ်စရာသိပ်ကောင်းပြီး
ပရော်ဖရှင်နယ်ကစားသမားအဖြစ် စတုန်းက ဒါမျိုးအထိ မမျှော်မှန်းခဲ့ပါဘူး” ဟု မာရေးက ပြောကြားခဲ့သည်။
၎င်းမှာ မိုင်ယာမီအိုးပင်း ကွာတားဖိုင်နယ်အဖြစ် သြစတြီးယားမှ ကမ္ဘာ့ အဆင့် ၅၂ ရှိသူ ဒိုမီနစ် သီယမ်နှင့်
ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
Ref: Dailymail


Leave a Reply
You must be logged in to post a comment.