လူမျိုးတမျိုးကို အနုနည်း (လူညွန့်တုံးစေသော နည်းလမ်း) နဲ့ ဖျက်ဆီးဖို့ဆိုရင် တခြားလူမျိုးတမျိုးက ဒါတွေကို ပြုလုပ်ကြပါတယ်တဲ့။
(က) အဲ့ဒီလူမျိုးကို ပညာမသင်ဖြစ်အောင် လုပ်ရတယ်။ အကယ်လို့ ပညာသင်ဖြစ်ကြရင်လည်း ပညာနဲ့မထိုက်တန်တဲ့ အဆင့်မှာထားကြတယ်၊
(ခ) အဲဒိလူမျိုးကို မြို့တော်ကြီးတွေနဲ့ ဝေးနိုင်သမျှဝေးအောင် ပို့ကြတယ်၊အကယ်လို့ မြို့တော်ကြီးတွေနဲ့ ဝေးအောင်မလုပ်နိုင်ဘူး ဆို ရင် သူတို့နေထိုင်ရာကို မြို့တော်အင်္ဂါရပ်နဲ့ မညီအောင် လုပ်ကြပါတယ်
(ဂ) အဲဒီလူမျိုးရဲ့ သမိုင်းကို ဖျောက်ပြစ်ကြပါတယ်။ အကယ်လို့ သမိုင်းကို မဖျောက်နိုင်ဘူးဆိုရင် သမိုင်းကို အမှန်နဲ့ အမှား ရောစပ်ပေးပြီး အဲဒိလူမျိုးရဲ့ သမိုင်းဆိုင်ရာ သုံးသပ်ချက်တွေကို သေးသိမ်စေပါတယ်။
(ဃ) အဲဒီလူမျိုးကို ကူးသန်းရောင်းဝယ်သူများ မဖြစ်အောင် ပြုလုပ်ကြပါတယ်။ အကယ်လို့ ကူးသန်းရောင်းဝယ်မှုကို ထိန်းချုပ်လို့မရရင် အဲဒိလူမျိုးရဲ့ သွားလာလှုပ်ရှားမှုကို ခြိမ်းခြောက်မှုများစွာဖြင့် ထိန်းချုပ်ကြပါတယ်။
(င) အဲဒီလူမျိုးကို ကျန်းမာရေးစောင့်ရှောက်မှုမရအောင်ပြုလုပ်ပြီး ကူးစက်ရောဂါများကို သိမ့်မွေ့စွာဖြင့် ပြန့်ပွားစေခြင်း။
သင့်လူမျိုးရဲ့ ဂုဏ်ကို တခြားလူမျိုးတမျိုးက ချိုးနှိမ်နေပါတယ်လို့ သင်ခံစားရပါသလား၊ နံပါတ် (က)(ခ)(ဂ)(ဃ)(င) ထဲက ဘယ်အချက်တွေကိုပြုပြီး ချိုးနှိမ်နေပါသလဲ?
Serajuddhin
Leave a Reply
You must be logged in to post a comment.