မေ ၈၊ ၂၀၁၅
M-Media
– အာဆင်နယ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် မအောင်မြင်လျှင်လည်း တိုက်စစ်မှူး သီယိုဝေါလ်ကော့အား ရောင်းချမည်မဟုတ်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
လက်ရှိတစ်ပတ်လုပ်က ပေါင် ၁ သိန်း ရရှိနေသည့် ဝေါလ်ကော့၏ စာချုပ်မှာ လာမည့်နွေရာသီတွင် ကုန်ဆုံးတော့မည် ဖြစ်ပြီး အာဆင်နယ်မှာ ဝေါလ်ကော့၏ ကိုယ်စားလှယ်များနှင့် စာချုပ်သစ်အတွက် ဆွေးနွေးမှုများ ပြုလုပ်နေသည်။
အသက် ၂၆ နှစ်အရွယ်ရှိ ဝေါလ်ကော့မှာ ယခုနှစ်တွင် ဒဏ်ရာများဖြင့် ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်တွင် ၁၀ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ကာ လက်ရှိအချိန်တွင် လီဗာပူးလ်အသင်းက ခေါ်ယူရန် ဆက်သွယ်နေသည်။
ဝင်းဂါးကမူ ဝေါလ်ကော့မှာ လာမည့်ရာသီတွင် အသင်း၌ ဆက်ရှိနေမည်ဟု ယုံကြည်နေပြီး မိမိအနေဖြင့်လည်း စာချုပ်သစ်ချုပ်ဆိုရန် ဆန္ဒရှိနေသည်ဟု ပြောကြားခဲ့သည်။
“ဒီနေ့မှာ (ဝေါလ်ကော့ကိုရောင်းမယ်ဆိုတဲ့) ဆန္ဒမျိုး ကျွန်တော့်မှာ မရှိပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်က သူ့ကို နေစေချင်လို့ပါ။ ကျွန်တော်တို့ ဒီလိုလုပ်ဖို့ စိတ်အားထက်သန်ပါတယ်။ သူလည်း ဒီလိုပါပဲ” ဟု ၀င်းဂါးက သတင်းထောက်များအား
ပြောကြားခဲ့သည်။
ဝေါလ်ကော့နှင့် ၀င်းဂါးတို့၏ အကြားတွင် မကျေလည်မှုများ ရှိနေသည်ဟု ပြီးခဲ့သည့်မတ်လက သတင်းများ ထွက်ပေါ်ခဲ့ပြီး ဝေါလ်ကော့ကမူ ထိုသတင်းမှာ မဟုတ်ကြောင်း Twitter မှ တစ်ဆင့် ဖြေရှင်းခဲ့သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.