မေ ၈၊ ၂၀၁၅
M-Media
– ဗြိတိန်၌ ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ ကွန်ဆာဗေးတစ်ပါတီက ပါလီမန်တွင် အမတ်နေရာ ထက်ဝက်ကျော် ရရှိကာ အနိုင်ရရှိခဲ့သည်ဟု သိရသည်။
စုစုပေါင်း အမတ်နေရာ ၆၅၀ ရှိရာတွင် ၆၄၆ နေရာအား ရေတွက်ပြီးချိန်၌ ကွန်ဆာဗေးတစ်ပါတီမှ အမတ်နေရာ ၃၂၉ နေရာ ရရှိခဲ့ပြီး၊ ပြိုင်ဘက်လေဘာပါတီက ၂၃၂ နေရာ ရရှိခဲ့သည်။ စုစုပေါင်း အမတ်နေရာ၏ ထက်ဝက်ကျော် ရရှိမှ တစ်ပါတီတည်း အစိုးရဖွဲ့နိုင်မည်ဖြစ်ပြီး စောစောပိုင်းက ကွန်ဆာဗေးတစ်ပါတီမှာ ထက်ဝက်ကျော် မရနိုင်ဟု ခန့်မှန်းခဲ့ကြသော်လည်း ယခုအခါ ထိုခန့်မှန်းချက်မှာ လွဲချော်သွားခဲ့သည်။
လေဘာပါတီ ခေါင်းဆောင် အက်ဒ်မီလန်ဘန်နှင့် လစ်ဘရစ်ဒီမိုကရက်တစ်ခေါင်းဆောင် နစ်ကလက်တို့လည်း ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။ အခြားပါတီများတွင် စကော့တစ်ရှ် အမျိုးသားပါတီက အမတ်နေရာ ၅၆ နေရာ၊ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီက ၈ နေရာ၊ ဒီယူပီ ပါတီက ၈ နေရာ အသီးသီး ရရှိခဲ့သည်။
ဒေးဗစ်ကင်မရွန်းမှာ အနိုင်ရကြောင်း မိန့်ခွန်းပြောကြားခဲ့ရာ ယခုညမှာ မိမိတို့ ကွန်ဆာဗေးတစ်ပါတီအတွက် ခိုင်မာသည့်ညဖြစ်ကြောင်း၊ အချို့သူများက ရွေးကောက်ပွဲနေ့တွင် သဘောထားအမြင်တစ်ခုသာရှိသည်ဟု ဆိုကြပြီး ထိုပြောစကားမှာ ယနေ့ညထက်ပို၍
မှန်ကန်သည့်အချိန် ရှိမည်မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ကင်မရွန်းမှာ ၀န်ကြီးချုပ်နေထိုင်ရာ ဒေါင်းနင်းလမ်းသို့ ပြန်သွားပြီဖြစ်သည်။
Ref: BBC, Aljazeera
Leave a Reply
You must be logged in to post a comment.