မေ ၁၀၊ ၂၀၁၅
M-Media
ယီမင်ပြည်သူများကို ကူညီရေး ဟူသီသူပုန် သဘောတူ
…………………………………
ယီမင်ပဋိပက္ခတွင် ထိခိုက်ခံစားရသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးအတွက် ၅ ရက်တာ အပစ်ရပ်ရန် ဆော်ဒီအာရေဗျမှ ကမ်းလှမ်းထားမှုကို လက်ခံသည်ဟု ဟူသီ နိုင်ငံရေးကောင်စီက ယနေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ဖော်ပြထားပြီး မိမိတို့ အနေဖြင့်လည်း ပြည်သူများထံသို့ အကူအညီများကို တတ်နိုင်သလောက် မြန်မြန်
ပေးပို့သွားမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ကုလ၏ ကြီးကြပ်မှုအောက်တွင် မိမိတို့အနေဖြင့် နိုင်ငံရေးအဖွဲ့များ အချင်းချင်း တွေ့ဆုံ စကားပြောချင်သည်ဟုလည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
ဆွဇ်လန် သေနတ်ပစ်မှု လူ ၅ ဦးသေဆုံး
………………………………
ဆွဇ်လန်နိုင်ငံမြောက်ပိုင်း မြို့တစ်မြို့တွင် ယမန်နေ့ ညပိုင်းက သေနတ်ဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သေနတ်သမားအပါအ၀င် လူ ၅ ဦး သေဆုံးခဲ့သည်ဟု ဆွဇ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ သေနတ်သမားမှာ အသက် ၃၆ နှစ်အရွယ် ဆွဇ်အမျိုးသားဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကာ အိမ် ၂ အိမ်သို့ သွားရောက်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ရသည့် အကြောင်းအရင်းမှာ
မိသားစုပြဿနာကြောင့်ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
နီပေါငလျင် ရှာဖွေရေး ရပ်ဆိုင်း
……………………………………
တောင်ပေါ်မှ ရေခဲထုများ ပြိုဆင်းလာခြင်းကြောင့် ငလျင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်တန့်ထားသည်ဟု နီပေါအာဏာပိုင်များက ယနေ့တွင် ပြောကြားလိုက်သည်။ ထိုကဲ့သို့ ပြိုဆင်းလာခြင်းအပြင် မြူဆိုင်းခြင်းနှင့် မိုးရွာသွန်းခြင်းလည်း ရှိနေသည်။ ငလျင်ကြောင့် သေဆုံးသူ ဦးရေမှာ လက်ရှိအချိန်တွင် ၈၀၀၀ ကျော်သွားခဲ့ပြီး အဆောက်အဦးများအောက်တွင် ပိမိနေသူများ
အများအပြားရှိနေပြီး ရှာဖွေကယ်ဆယ်မှုများကို ဆက်လက်လုပ်ဆောင်နေရသည်။
Ref: News Agencies
Leave a Reply
You must be logged in to post a comment.