(နှစ် ၃၀ လွတ်နေသည့် မာဖီးယာခေါင်းဆောင်ကို ဖမ်းမိ)
မေ ၂၇၊ ၂၀၁၅
M-Media
ဘယ်လ်ဂျီယံလေပိုင်နက် ပိတ်ပစ်
…………………………..
နိုင်ငံအတွင်းရှိ လေကြောင်းထိန်းသိမ်းရေး စနစ်မှာ နည်းပညာပိုင်းဆိုင်ရာ ပြဿနာရှိသောကြောင့် ဘယ်လ်ဂျီယံက ၎င်းတို့၏ လေပိုင်နက်အား ယနေ့တွင် ပိတ်ပစ်ခဲ့သည်။ လေကြောင်ထိန်းသိမ်းရေး စနစ်မှာ မည်သည့်အတွက်ကြောင့် ချို့ယွင်းခဲ့သည်ကို ရှင်းရှင်းလင်း မသိရသေးဘဲ မြင့်မားသော အမြင့်ပေမှနေ၍ လေယာဉ်များ နိုင်ငံအတွင်းမှ ဖြတ်ကျော်မှုကိုမူ ခွင့်ပြုထားသည်။
နှစ် ၃၀ လွတ်နေသည့် မာဖီးယားခေါင်းဆောင်ကို ဘရာဇီးလ်တွင် ဖမ်းမိ
………………………………………..
၁၉၈၀ ပြည့်နှစ်များက လူ ၂၀ သတ်ဖြတ်မှုဖြင့် အလိုရှိနေပြီး နှစ်ပေါင်း ၃၀ ကျော် ထွက်ပြေးလွတ်မြောက်နေခဲ့သည့် အီတလီမာဖီးယားဂိုးဏ်မှ ခေါင်းဆောင် အသက် ၅၆ နှစ်အရွယ် ပါစကယ်လီ စကော့တီကို ဘရာဇီးရဲတပ်ဖွဲ့က ယနေ့တွင် ဖမ်းဆီးနိုင်ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ဆေးရုံ၏ ပြတင်းပေါက်မှ ထွက်ပြေးလွတ်မြောက်သွားသည့် စကော့တီက ဘရာဇီးလ် နိုင်ငံသား
၎င်း၏ ကလေး ၂ ဦးကို ကျောင်းသွားပို့စဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ၎င်းအား ၁၉၉၁ ခုနှစ်တွင် လက်နက်ပိုင်ဆိုင်မှုနှင့် လူသတ်မှု အမှု ၂၀ ကျော်အတွက် တရားစွဲဆိုခဲ့သည်။
သြဇီရှိ အင်ဒိုနီးရှားကောင်စစ်ဝန်များတွင် သံသယဖြစ်ဖွယ်ပစ္စည်းတွေ့
………………………………
သံသယဖြစ်ဖွယ် ပစ္စည်းများကို တွေ့ရခဲ့ခြင်းကြောင့် မဲလ်ဘုန်းနှင့် ပါ့သ်တို့ရှိ အင်ဒိုနီးရှား ကောင်စစ်ဝန်များကို သြစတေးလျ ရဲတပ်ဖွဲ့က ယနေ့တွင် ဆင့်ခေါ်ခဲ့သည်။ အဆိုပါ ပစ္စည်းများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ယူဆောင်ခဲ့သည်ဟု နယူးဆောက်ဝေးလ်ပြည်နယ်မှ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဧပြီလအတွင်းက သြစတေးလျ
မူးယစ်မှောင်ခိုသမားများကို အင်ဒိုနီးရှားက ကွပ်မျက်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးမှာ ဆိုးရွားလာခဲ့သည်။
ဖီဖာဒုဥက္ကဌဟောင်း ချစားမှုစွဲချက်များကို ငြင်း
………………………………
အမေရိကန်တရားရေးဌာနက လာဘ်စားမှုအပါအ၀င် စွဲချက်များစွာဖြင့် တရားစွဲဆိုခဲ့သော ဖီဖာတာဝန်ရှိသူ ၁၄ ဦးတွင် ပါဝင်ခဲ့သူ ဖီဖာဒုတိယဥက္ကဌဟောင်း ဂျက်ဝါနာက အဆိုပါ စွဲချက်များကို ငြင်းပယ်လိုက်ပြီး မိမိအနေဖြင့် မည်သည့်အမှားမှ မပြုလုပ်ခဲ့ဟု ကြေညာချက် ထုတ်ပြန်လိုက်သည်။ ဆွဇ်လန် ရဲတပ်ဖွဲ့မှာ ဇူးရစ်ခ်ျသို့ ရောက်နေသည့် ဖီဖာအကြီးတန်းတာဝန်ရှိသူ ၁၀ ဦးကျော်ကို ချစားမှု စွဲချက်ဖြင့် ယနေ့တွင် ဖမ်းဆီးကာ အမေရိကန်လက်ထဲသို့ အပ်ရန်ရှိနေသည်။
Ref: News Agencies

Leave a Reply
You must be logged in to post a comment.