News @ M-Media

ဂျူဗင်တပ်စ်မှာ အသင်းကောင်းတစ်သင်းဖြစ်သည်ဟု နေးမာပြော

ဇွန် ၇၊ ၂၀၁၅
M-Media

naymar

– မိမိတို့အား ရှုံးနိမ့်ခဲ့သော်လည်း ဂျူဗင်တပ်စ်အသင်းမှာ အသင်းကောင်းတစ်သင်းအဖြစ် သက်သေပြနိုင်ခဲ့သည်ဟု ဘာစီလိုနာအသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး နေးမာက ပြောကြားလိုက်သည်။

ယနေ့မနက်က ကစားခဲ့သည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဘာစီလိုနာမှာ ရက်ကီတစ်၊ ဆွာရက်ဇ်နှင့် နေးမာတို့၏ ဂိုးများဖြင့် ဂျူဗီအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် လာလီဂါနှင့် ရှုံးထွက်ဖလားတို့အား ရရှိခဲ့သည့် ဘာစီလိုနာအတွက် တတိယမြောက်ဖလားလည်း ဖြစ်လာခဲ့သည်။

ဒုတိယပိုင်း နာကျင်အချိန်ပိုတွင် အနိုင်ဂိုးသွင်းယူပေးခဲ့သည့် နေးမာကမူ ဂျူဗင်တပ်စ်အသင်းကို ချီးကျူးခဲ့သည်။

“ဂျူဗင်တပ်စ်အသင်းဟာ ကစားသမားကောင်းတွေရှိတဲ့ အသင်းကောင်းတစ်သင်းပါ။ ဒါပေမယ့် ကျွန်တော်တို့ ကစားနိုင်ခဲ့ပြီး အဆုံးမှာ ကျွန်တော်တို့ဟာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ အသင်းနဲ့ နည်းပြကို ကျွန်တော် ပထမဆုံး ကျေးဇူးတင်ချင်ပါတယ်။ ဒီအောင်မြင်မှုက ကျွန်တော်တို့အားလုံးရဲ့ မိသားစုတွေ အတွက်ပါပဲ” ဟု နေးမာက Sky Sport သို့ ပြောကြားခဲ့သည်။

နေးမာမှာ ကိုပါအမေရိက ဘောလုံးပြိုင်ပွဲတွင် ၀င်ရောက်စားမည့် ဘရာဇီးလ်အသင်းသို့ မကြာမီ သွားရောက်ပူးပေါင်းသွားမည်ဖြစ်သည်။ ဘာစီလိုနာသို့ စရောက်စဉ်က ရုန်းကန်ခဲ့ရသည့် နေးမာမှာ ယခုနှစ်တွင် အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းအတွက် ကစားခဲ့သည့် ပွဲပေါင်း ၅၀ တွင် ၃၉ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

ထို့ပြင် ချန်ပီယံလိဂ်နှင့် ကိုပါလီဘာတေဒိုးဖလား ဗိုလ်လုပွဲများတွင် ဂိုးသွင်းနိုင်သည့် ပထမဆုံး ကစားသမား ဖြစ်လာခဲ့သည်။

Ref: Goal

Comments

Leave a Reply