ဇွန် ၁၀၊ ၂၀၁၅
M-Media
– အရေးပါသည့် ယူရို ၂၀၁၆ ခြေစစ်ပွဲ ယှဉ်ပြိုင်ရန်ရှိနေသည့် အိုင်ယာလန်အသင်း၏ နည်းပြနှင့် လက်ထောက်နည်းပြတို့မှာ အဝေးပြေးလမ်း၌ ကားမတော်တဆဖြစ်မှုတွင် ပါဝင်ခဲ့သည်ဟု အိုင်ယာလန် ဘောလုံးအဖွဲ့ချုပ် FAI က အတည်ပြု ပြောကြားလိုက်သည်။
M50 အဝေးပြေးလမ်းမတွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ ကားမတော်တဆမှုတွင် နည်းပြ မာတင်အိုနေးလ်နှင့် လက်ထောက်နည်းပြ ရွိင်ကိန်းတို့ လိုက်ပါလာသည့်ကားမှာ အနောက်မှ ၀င်တိုက်ခံခဲ့ရခြင်း ဖြစ်သည်။
FAI ကမူ ၎င်းတို့ ၂ ဦးစလုံးမှာ တည်းခိုရာဟိုတယ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး အသင်းဆရာဝန်များ၏ စစ်ဆေးကုသခြင်းကို ခံယူခဲ့သည်ဟု ၎င်းတို့၏ Twitter စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့သည်။ သို့သော်လည်း ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရဖွယ် မရှိချေ။
အိုင်ယာလန်အသင်းမှာ စနေနေ့တွင် စကော့တလန်အသင်းနှင့် ယူရို ၂၀၁၆ ခြေစစ်ပွဲကို ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အဆိုပါပွဲမှာ အသင်းအတွက် အရေးပါသည့်ပွဲလည်း ဖြစ်သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က အင်္ဂလန်အသင်းနှင့် ကစားခဲ့သည့် ခြေစမ်းပွဲတွင် အိုင်ယာလန်အသင်းမှာ ဂိုးမရှိသရေကျခဲ့သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.