ဇွန် ၁၁၊ ၂၀၁၅
M-Media
– တောင်ကိုရီယားတွင် မားစ်ရောဂါ ပြန့်ပွားနေသောကြောင့် ဒေသတွင်း စိုးရိမ်မှုများ မြင့်တက်လာသည့်အချိန်တွင် ဟောင်ကောင်ကလည်း ၎င်းတို့မှာ မားစ်ရောဂါ သံသယရှိသူ ၂ ဦးကို စမ်းသပ်တွေ့ရှိခဲ့သည်ဟု ယနေ့တွင် ကြေညာလိုက်သည်။
အဆိုပါ ၂ ဦးမှာ ဟောင်ကောင်နိုင်ငံသားများဖြစ်ပြီး မကြာသေးမီက တောင်ကိုရီးယားမှ ပြန်လာကြသူများဖြစ်သည်ဟု ၎င်းတို့အား ကုသပေးနေသည့် ဆေးခန်းက ဆိုသည်။ တောင်ကိုရီးယားမှပြန်လာပြီး မားစ်ရောဂါ သံသယရှိသူ အခြား ၃၁ ဦးကို ဟောင်ကောင်တွင် စစ်ဆေးခဲ့ရာ ရောဂါပိုး တွေ့ရှိခဲ့ခြင်း မရှိပေ။
ဟောင်ကောင်မှာ မဖြစ်မနေ သွားရောက်ရခြင်းမှလွဲ၍ တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ခြင်းမပြုရန် နိုင်ငံသားများအား အင်္ဂါနေ့က အကြံပြုချက် ထုတ်ပြန်ခဲ့သည်။
တောင်ကိုရီးယားတွင် မားစ်ရောဂါကြောင့် သေဆုံးသူမှား ၉ ဦး ရှိလာခဲ့ပြီး ရောဂါပိုးကူးစက်သူ ၁၄ ဦးကို ယနေ့တွင် ထပ်မံတွေ့ရှိခဲ့ရသည်ဟု ကြေညာခဲ့ရာ ရောဂါပိုးကူးစက်သူအရေအတွက်မှာ ၁၂၂ ဦးအထိ ရှိလာပြီဖြစ်သည်။
တရုတ်နိုင်ငံတွင်မူ ကူးစက်သူ တောင်ကိုရီးယားနိုင်ငံသားတစ်ဦး ရှိနေပြီး ယခုအခါ သီးသန့်ခွဲထားကာ ပြုစုကုသမှုများ ပြုလုပ်နေသည်။
ဟောင်ကောင်နှင့် နီးစပ်သည့် မကာအိုတွင်လည်း နိုင်ငံသားများအား မလိုအပ်လျှင် တောင်ကိုရီးယားသို့ သွားရောက်ခြင်းမပြုရန် သတိပေးထားသည်။
Ref: Reuters


Leave a Reply
You must be logged in to post a comment.