ဇူလိုင် ၇၊ ၂၀၁၅
M-Media
– နောက်ဆုံးဗိုလ်လုပွဲရောက်ရှိချိန်မှ အရှုံးပေးရခြင်းထက် ပိုမိုနာကျင်သည့်အရာ မရှိဟု အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ပြောကြားလိုက်ပြီး မိမိတို့အသင်းကို အားပေးခဲ့ကြသည့် ပရိတ်သတ်များအား ကျေးဇူးတင်ရှိသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဘရာဇီးလ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် အာဂျင်တီးနားနှင့်အတူ အချိန်ပို၌ ရှုံးပွဲကြုံတွေ့ခဲ့ရသည့် မက်ဆီမှာ မကြာသေးမီက ပြီးစီးသွားခဲ့သည့် ကိုပါအမေရိကဖလား ဗိုလ်လုပွဲတွင်လည်း အိမ်ရှင်ချီလီအား ပင်နယ်တီဖြင့်ရှုံးကာ ရှုံးနိမ့်မှုအရသာကို ထပ်မံခံစားနေရသည်။
ထိုအရှုံးကြောင့် အာဂျင်တီးနားအသင်းမှာ ၂၂ နှစ်ကြာ ဆုဖလားမိုးခေါင်မှုကို ဆက်လက် တည်တံ့စေခဲ့ပြီး မက်ဆီကမူ အားပေးခဲ့ကြသည့် ပရိတ်သတ်များကို ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။
“ဘောလုံးလောကမှာ ဖိုင်နယ်ရောက်မှ ရှုံးနိမ့်တာထက် ပိုပြီး နာကျင်ရတာ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကို အမြဲတမ်း အားပေးတဲ့၊ ခက်ခဲတဲ့အချိန်တွေမှာ ဆက်လက်ရှိနေခဲ့တဲ့ လူတိုင်းကို ကျေးဇူးတင်ကြောင်းပြောဖို့ ဒါက ထပ်ပြီး အဟန့်အတား မဖြစ်စေချင်ပါဘူး” ဟု မက်ဆီက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။
အတည်မပြုနိုင်သည့် စပိန်သတင်းများအရ ကိုပါအမေရိကဖလားတွင် မက်ဆီအား အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့သော်လည်း ၎င်းက ဆုလက်ခံရယူရန် ငြင်းဆိုခဲ့သည်ဟု သိရသည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.